skip to content

 

မြန်မာရွှေရတဲ့ စကိတ်ကစားနည်းမှာ ရေခဲပြင်စကိတ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေချည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရ တာဖြစ်ပြီး ဘရာဇီး၊အာဂျင်တီးနားတို့ကို ကျော်ဖြတ်ရယူနိုင်ခဲ့တာပါ။တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ်ဘာ့ ရေခဲပြင် စကိတ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အားကစားသမား ၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရေခဲပြင် စကိတ်အမျိုးအစားပေါင်း ၁၀ မျိုး ထည့်သွင်းကျင်းပခဲ့တဲ့ အဆိုပါပြိုင်ပွဲမှာ မြန်မာနိုင်ငံက short track speed ပြိုင်ပွဲ တစ်မျိုးတည်းကိုသာ ဝင်ပြိုင်ခဲ့တာပါ။ မနေ့က ခြေစစ်ပွဲစဉ်မှာ မြန်မာကစားသမား ၃ ဦးအနေနဲ့ အောင်မြင်စွာ ကစားနိုင်ခဲ့လို့ ဒီကနေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ဗိုလ်လုပွဲအဆင့်ကို ၃ ဦးစလုံး တက်ရောက်ကစားနိုင်ခဲ့ပါတယ်။

 


 

ဗိုလ်လုပွဲမှာတော့ မြန်မာက မင်းသုခက ပထမရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး ဒုတိယဆုကိုတော့ သီရိလင်္ကာက ရရှိခဲ့ကာ တတိယဆုကိုတော့ မြန်မာကပင် ကောင်းသန့်က ဆွတ်ခူးခဲ့တာပါ။ အခု မြန်မာအသင်းရွှေရခဲ့တဲ့ ပြိုင်ပွဲ အမျိုးအစားမှာ ကမ်ဘာ့နိုင်ငံ ၁၅ နိုင်ငံက ကစားသမားတွေ ပါဝင်ခဲ့ပြီး ဒီ ပြိုင်ပွဲ အမျိုးအစားကတော့ ရေခဲပြင်စကိတ်မဖွံ့ဖြိုးတဲ့ နိုင်ငံတွေကိုသာ ပါဝင်ယှဉ်ပြိုင်စေခဲ့တာ ဖြစ်တာကြောင့်လည်း အိမ်ရှင် တောင်ကိုရီးယား မပါဝင်ခဲ့ပေ။

“ကွၽန်တော်တို့အနေနဲ့ အခုပြိုင်ပွဲအတွက် MSA ရဲ့ အဖွဲ့ဝင် skater အယောက် ၁၀၀ ထဲက စိစစ်ရွေးချယ်ပြီးမှ စေလွှတ်ခဲ့တာပါ။ မူလရွေးချယ်တုန်းက ကစားသမားတွေကို အသက် ၁၃ နှစ်နဲ့ ၁၆ နှစ်ကြားကလေးငယ်တွေကို ရွေးချယ်ခဲ့ပေမယ့် တစ်ကယ်လည်း ပြိုင်ပွဲကျင်းပရော ၁၈ နှစ်အောက်ဖြစ်နေခဲ့လို့ တတိယရတဲ့ ကလေးဆိုရင် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ပထမဆုရတဲ့ကလေးက ၁၆ နှစ်ပါ။” လို့ မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်း ဥက္ကဌ ဦးလွင်လတ်က ပြောပါတယ်။ ကမ်ဘာ့ စကိတ်ပြိုင်ပွဲကို ကမ်ဘာ့နိုင်ငံပေါင်း ၃၂ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်တဲ့ အမျိုးအစားမှာဆိုရင် ဘရာဇီး၊အာဂျင်တီးနားက ကစားသမားတွေလည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။


back to top Eng