skip to content
 
နေပြည်တော် ဒီဇင်ဘာ ၂၉
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ကကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Nagata Myanmar Co.,Ltd တို့၏ပံ့ပိုးကူညီမှုဖြင့် 4th Takuya Taniyama Cup Karate Championships (2018) ပြိုင်ပွဲ၏ဆုပေးပွဲအခမ်းအနားကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မန္တလာသီရိအားကစားကွင်းရှိ ဘက်စုံသုံးအားကစားရုံ၌ကျင်းပကြောင်း မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ သိရသည်။ ကရာတေးအားကစားနည်းကို လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် နိုင်ငံတကာကရာတေးပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ်လူငယ်ကရာတေးကစားသမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ 4th Takuya Taniyama Cup Karate Championships(2018) ပြိုင်ပွဲတွင် အကြီးတန်း Senior (Kata Age +16နှင့် Kumite Age +18 )အမျိုးသား/အမျိုးသမီး၊ သက်လတ်တန်း Junior (Age 16/ 17) အမျိုးသား/အမျိုးသမီး၊ သက်ငယ်တန်း Cadet (Age 14/15) အမျိုးသား/အမျိုးသမီး၊ ကလေးတန်း Under 14(Age 12/14) အမျိုးသား/အမျိုးသမီး၊ ကလေးတန်း Under 12( Age 10/ 12)အမျိုးသား/ အမျိုးသမီး၊ ကလေးတန်း Under 10 အမျိုးသား/ အမျိုးသမီးအတန်းများ ထည့်သွင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးပွဲစဉ် ပြိုင်ပွဲအပြီးတွင် စုပေါင်းတံခွန်စိုက်ဆုကို JKA Mandalay TT အသင်းက ရွှေရှစ်ခု၊ ငွေနှစ်ခုနှင့်ကြေးနှစ်ခုဖြင့် ပထမရရှိသည်။ ကယားအသင်းက ရွှေလေးခုနှင့်ကြေးငါးခုဖြင့် ဒုတိယရရှိသည်။ YCDC အသင်းက ငွေသုံးခု၊ ကြေးတစ်ခုဖြင့် တတိယရရှိသည်။ အမျိုးသားအကောင်းဆုံးကစားသမားဆုကို JKA Mandalay TT အသင်းမှ ကျော်၀င်းသူကရရှိသည်။ အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို နေခြည်ဦး(ကယား)အသင်းကရရှိသည်။ ပြိုင်ပွဲတွင်အကြီးတန်း Senior ပြိုင်ပွဲ အဆင့်တွင်သာ (အမျိုးသား/အမျိုးသမီး)တံခွန်စိုက်ဆုပေးအပ်ခြင်းဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအလိုက် အမျိုးသား/အမျိုးသမီး အကောင်းဆုံးကစားသမားဆုနှင့်ပြိုင်ပွဲ အမျိုးအစားနှင့် ကိုယ်အလေးချိန်တန်းအလိုက် ပထမဆု ရွှေတံဆိပ်၊ ဒုတိယဆု ငွေတံဆိပ်နှင့် တတိယဆုကြေးတံဆိပ်များပေးအပ်ခဲ့ကြောင်းသိရသည်။
 

back to top Eng