Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်မာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် (၃)ကြိမ်မြောက် ဟန်ဒါဖလားဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၀င်များအား လမ်းညွှန်အမှာစကားပြောကြား
ရန်ကုန်၊ စက်တင်ဘာလ (၇)ရက်။
၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၊ Clark City မြို့တွင် စက်တင်ဘာ(၈)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် ဂျပန်နိုင်ငံ အိုကာစကီမြို့တွင် စက်တင်ဘာ (၁၁) ရက်နေ့မှ (၂၁) ရက်နေ့အထိ မြားပစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန်နှင့် (၃)ကြိမ်မြောက် ဟန်ဒါဖလားဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်/နည်းပြ အားကစားသမားများအား တွေ့ဆုံသြ၀ါဒအခမ်းအနားကို ယနေ့နေ့လယ်(၁၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ အုပ်ချုပ်သူ၊ နည်းပြချုပ်/နည်းပြ အားကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာမြားပစ်အားကစားအဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ဂါ၀ရပြုပြီး (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ ဖိတ်ကြားထားသည့် ITO(Jury) အဖြစ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးနှင့် အုပ်ချုပ်သူ/နည်းပြ ယာယီ ရဲမှူးသီသီ၀င်းတို့က
ပြိုင်ပွဲသို့၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် ပူးတွဲလေ့ကျင့်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကားပြောကြားရာတွင် ကြိုတင်ပြင်ဆင်ထားမှုနှင့် အားကစားသမားတစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်နိုင်မှု၊ တိုးတက်မှုအခြေအနေများကို သိလိုခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများ၏လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားလုပ်သည့်နေရာတွင် ရူးသွပ်နေမှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိ၏ ပစ်မှတ်အမှတ်များကိုရရှိထားသည့် စံချိန်ထက်မနိမ့်ကျဘဲ ပိုမိုကောင်းမွန်သောရလဒ်ဖြင့် ယှဉ်ပြိုင်စေလို၍ မိမိတို့စိတ်နှင့်ပစ်သောလေ့ကျင့်ခန်းများ၊ များများလုပ်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင် နေ့စဉ်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမယှဉ်ပြိုင်ခင် (၂)နာရီအလို အစာကိုဖြည့်ဆည်းထားရမည်ဖြစ်ပြီး အစားအသောက်အနေအထိုင် အထူးဂရုပြုစေလိုပါကြောင်း၊ မိမိတို့၏ တစ်နေ့တာလေ့ကျင့်မှုနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့နှင့်ပူးတွဲလေ့ကျင့်ရာတွင် မိမိတို့နိုင်ငံနှင့် အကျိုရှိမည့် လေ့ကျင့်ရေး၊ သင်ကြားရေး နှင့်အနေအထိုင်/စားသောက်ရေး၊ အားကစားသမားများ ဆေးကုသရေးကအစ မိမိနိုင်ငံအားကစားတိုးတက်ရေးအတွက် လေ့လာမှတ်သာခဲ့ရန်လိုအပ်ပါကြောင်း လမ်းညွှန်အားပေးစကားပြောကြားပြီးနောက် ဒုတိယ၀န်ကြီးကသွားရောက် ယှဉ်ပြိုင်ကြမည့် ITO(Jury)အုပ်ချုပ်သူ၊ နည်းပြချုပ်/နည်းပြ၊ အားကစားသမားများ တစ်ဦးချင်းနှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲသို့၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့မြားပစ်အားကစားအဖွဲ့ချုပ်မှ(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ ဖိတ်ကြားထားသည့် ITO(Jury) (၁)ဦး၊ အုပ်ချုပ်သူ(၁) ဦး နည်းပြချုပ်/
နည်းပြ (၃)ဦး၊ အားကစားသမား (Recurve) အမျိုးသား(၄)ဦး ၊အမျိုးသမီး (၃)ဦး အားကစားသမား (Compound) အမျိုးသား(၃)ဦး၊ အမျိုးသမီး (၃)ဦး၊စုစုပေါင်း(၁၈)ဦးနှင့် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန် နှင့် (၃)ကြိမ်မြောက် ဟန်ဒါဖလားဖိတ်ခေါ် မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သွားရောက်မည့် အုပ်ချုပ်သူ/နည်းပြ(၁)ဦး၊ အားကစားသမား (Recurve) အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၄)ဦးတို့သည် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
15 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display