နေပြည်တော်၊ဖေဖော်ဝါရီ(၂၅)ရက်။
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ဝန်ကြီးရုံး(အားကစား)နှင့် အားကစားနှင့်ကာယပညာဦးစီး ဌာနရှိ နည်းပြ(နည်းစနစ်မှူး)နှင့်အထက် အရာထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိူးလှိုင်၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ တက်ရောက်လာကြသော အားကစားနည်းပြများမှ အားကစားနည်း အလိုက်မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လမ်းညွှန်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန်အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ အရည်အချင်းပိုမိုပြည့်ဝပြီး သန်မာလာရန် လိုအပ်ကြောင်း၊ လက်ရှိဌာနခွဲများတွင် တာဝန် ထမ်းဆောင်နေသော နည်းပြနည်းစနစ်မှူးများသည် အများစုမှာ လက်ရွေးစင်ဟောင်းများဖြစ်ကြပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းပြနည်းစနစ်မှူးများ အနေဖြင့် မိမိတို့အားကစားနည်းအလိုက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားသိပ္ပံကျောင်းများ နည်းပြအဖြစ် တိုင်းခရိုင်မြို့နယ်များတွင် လက်တွေ့မြေပြင်ကျကျ ဆောင်ရွက်လိုလျှင်သော်လည်းကောင်း၊ ဆန္ဒရှိပါကဆောင်ရွက်စေချင်ပါကြောင်း၊ ဦးစီးဌာနအောက်ရှိ တာဝန်ထမ်းဆောင်နေသော ယှဉ်/လေ့(၁)၊ ယှဉ်/လေ့(၂)ဌာနခွဲများအား သာမန်ပြည်တွင်းပြိုင်ပွဲများ ကျင်းပ-ပြည်ပပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင် သာမန်လုပ်ငန်းများဖြင့် မလုံလောက် တော့ပါကြောင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ အားကစားနည်းအလိုက် မကျင်းပမီ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ အားကစားနည်းများကို ခေတ်မီ တိုးတက်ပြောင်းလဲလာသော နည်းစနစ်များ၊ အမှတ်ပေးစည်းမျဉ်းများ၊ (Coaching)ဆိုင်ရာများကို ကြိုတင်ဖြန့်ဝေ ပြင်ဆင်ရန်လိုအပ်ပါကြောင်း၊ နည်းပြနည်းစနစ်မှူးများ အားကစားနည်းအလိုက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၌ဖြစ်စေ၊ မြို့နယ်များ၌ဖြစ်စေ မိမိတို့အားကစားနည်းတိုးတက် ပြန့်ပွား စိတ်ဝင်စားလာအောင် အောက်ခြေကျကျ လက်တွေ့လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ယခုအခါတွင် Excellence Sport အောင်မြင်ရေးတွင် Mass Sportလုပ်ငန်းများကို (Exercise is Medicine)ခေါင်းစဉ်ဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိနေပြီး၊ လူငယ်များ အားကစားကို စိတ်ပါဝင် စားအောင် ဆောင်ရွက်နေကြောင်း၊ ထိုမှ ထူးချွန်ထက်မြက်သော အားကစားသမားများပေါ် ထွက်လာရန် ရည်ရွယ်လျက်ရှိပါကြောင်း၊ နည်းပြနည်းစနစ်မှူးများအနေနှင့် နည်းပြအရည် သွေးတိုးတက်မြင့်မားအောင် လက်ရှိအတိုင်းရပ်မနေဘဲ အားကစားနည်းအလိုက် တိုးတက်ပြောင်းလဲလာသော နည်းစနစ်များကို Internet မှတဆင့် ရှာဖွေလေ့လာရန်လိုအပ်ကြောင်း၊ အားကစားနည်းအလိုက် နိုင်ငံခြားသို့ ဝန်ကြီးဌာနအလိုက် ပညာတော်သင်များ စေလွှတ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းပြနည်းစနစ်များအနေနှင့်(English)စာကို ယခုထက် ပိုမိုရေးနိုင်၊ ဖတ်နိုင်၊ပြောနိုင်အောင် ကြိုတင်လေ့ကျင့်စေလိုကြောင်း၊ မြန်မာ့အားကစားရေရှည်ဖွံ့ဖြိုးတိုး တက်လာစေရန် (National Coaching Camp)၊ (Excellent Center)၊ (Talent-Scouting)များ မဖြစ်မနေစပြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့မှ အားကစားဆိုင်ရာ ကိစ္စရပ်များ ကို တင်ပြဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး(အားကစား)နှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနရှိ နည်းပြ(နည်းစနစ်မှူး)နှင့်အထက် အရာထမ်းများ တွေ့ဆုံပွဲတွင် မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်၊ လက်ဝှေ့၊ ခရစ်ကက်၊ စက်ဘီး၊ ဓားခုတ်၊ ဘောလုံး၊ ဖူဆယ်၊ ကျွမ်းဘား၊ ဟော်ကီ၊ဂျူဒို၊ ကရာတေး၊ ပန်ကြပ်ဆီလပ်၊ ပီတန်း၊ လှေလှော်၊ ပိုက် ကျော်ခြင်း၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ တင်းနစ် ၊စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ နပန်း၊ အေရိုးဗစ်၊ ဝူးရှူး အားကစားနည်းမှ နည်းပြစုစုပေါင်းအင်အား (၁၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။