Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးသည့် မြန်မာ-ထိုင်း-လာအိုသုံးနိုင်ငံ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ ကျင်းပ
ရန်ကုန် ၇ ဇန်နဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးသည့် မြန်မာ-ထိုင်း-လာအို မြန်မာ့ရိုးရာလက်ဝှေ့ သုံးနိုင်ငံစိန်ခေါ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ မြန်မာလက်ဝှေ့ ကစားသမားများ သုံးပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ငါးပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ပွဲ ၆၀ ထိုးသတ်ခဲ့ပြီး ၂၉ ပွဲ နိုင်၊ ပွဲ ၃၀ သရေကျထားကာ ရှုံးပွဲတစ်ပွဲသာ ရှိထားသည့် သွေးသစ်ဝင်းလှိုင်(မြန်မာ) နှင့် ပွဲ ၇၀ ထိုးသတ်ခဲ့ပြီး ၄၅ ပွဲနိုင်၊ ၅ ပွဲ သရေကျကာ ပွဲ ၂၀ ရှုံးနိမ့်ထားသည့် ကျင်လွပ်(ထိုင်း)တို့ပွဲတွင် ပထမအချီ ၁ မိနစ် ၅ စက္ကန့်၌ သွေးသစ်ဝင်းလှိုင်၏ လက်သီးထိုးချက်ကြောင့် ကျင်လွပ် အနားတောင်းခဲ့သည်။
ပထမအချီ၌ ကျင်လွပ်ပြန်လည် ထိုးသတ်သော်လည်း ၂ မိနစ် ၂၃ စက္ကန့်တွင် သွေးသစ်ဝင်းလှိုင်၏ ဘယ်ညာ လက်သီးတွဲလုံးကြောင့် ကျင်လွပ်အနားတောင်း အရှုံးပေးလိုက်ရသည်။
နောက်တစ်ပွဲဖြစ်သည့် သွေးသစ်မောင်(မြန်မာ)နှင့် ဆူ၀စ်(ထိုင်း)တို့ပွဲမှာလည်း သွေးသစ်မောင်၏ လက်သီးပါဝါကြောင့် ပထမအချီ၌ ဆူဂစ်နှစ်ကြိမ် အနားတောင်း၊ အမှတ်စဉ်ရေတွက်ခံရ၍ ဆက်လက် ယှဉ်ပြိုင်ထိုးသတ်နိုင်ခြင်းမရှိဘဲ သွေးသစ်မောင် အနိုင်ရရှိသွားသည်။
အခြားတွဲဆိုင်းများအဖြစ် လွမ်ချိုင်း (မြန်မာ)နှင့် ခုမ်ကစ် (ထိုင်း)တို့ပွဲမှာ သူတင်ကိုယ်တင် ထိုးကြသော်လည်း ပူးတွဲသရေကျခဲ့သည်။ ကိုယ်လုံးတူ၊ အရပ်တူကြသည့် အောက်ချင်းလေး(မြန်မာ)နှင့် ဘန်စီဟာခို့(လာအို) တို့ပွဲမှာလည်း ပရိသတ်သဘောကျခဲ့ပြီး အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့သည်။
နောက်တစ်ပွဲဖြစ်သည့် မိုးမောင် (မြန်မာ)နှင့် မစ်စီဟာခို့(လာအို)ပွဲတွင် ပူးတွဲသရေကျခဲ့သည်။ နောက်တစ်ပွဲ ဖြစ်သည့် စောဘဟိန်း(မြန်မာ) လက်သီး၊ ခြေကန်ချက်များကြောင့် ၀မ်ချက်(ထိုင်း)ကို ပထမအချီ၌ အလဲထိုးနိုင်ခဲ့ကာ ဘဟိန်း အနိုင်ရရှိသွားသည်။
သိန်းစိုး(မြန်မာ)နှင့် အွန်လိုင်(ထိုင်း)တို့ပွဲမှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ကြကာ သိန်းစိုး သုံးချီမြောက်တွင် ဒဏ်ရာအနာတရ ရကာ အရှုံးပေးလိုက်ရသည်။
ယင်းပြိုင်ပွဲတွင် မျိုးဆက်သစ် စိန်ခေါ်ပွဲသုံးပွဲ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-အာကာစိုး
51 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display