skip to content
 
နေပြည်တော်၊ မတ်လ(၈)ရက်။
 
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် လူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားနည်း အလိုက် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နွေရာသီအခြေခံအားကစား သင်တန်းများအား မြို့နယ်အသီးသီး၌ ၂ဝ၁၈ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ ဝူရှူး၊ ကရာတေးဒို၊ တိုက်ကွမ်ဒို စသည့်အားကစားနည်း(၈)နည်းကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
 
 
အဆိုပါ နွေရာသီအားကစားသင်တန်းများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဖွင့်လှစ်ထားရှိမှု အခြေအနေများမှာ (၂၃.၂.၂ဝ၁၈)မှ (၆.၃.၂ဝ၁၈) ရက်အထိ ပုဗ္ဗသီရိမြို့နယ်တွင် အားကစားနည်း (၆)နည်းဖြင့် သင်တန်းသား (၄၁၁)ဦးကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ်တွင် အားကစားနည်း (၆)နည်းဖြင့် သင်တန်းသား(၂၁၈)ဦး ကိုလည်းကောင်း၊ (၂၇.၂.၂ဝ၁၈)မှ (၁၂.၃.၂ဝ၁၈)ရက်အထိ ဥတ္တရသီရိမြို့နယ်တွင် အားကစားနည်း (၄)နည်းဖြင့် သင်တန်းသား (၅၈၂)ဦးကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်တွင် အားကစားနည်း (၈)နည်းဖြင့် သင်တန်းသား(၄၈၅)ဦးကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် တွင် အားကစားနည်း(၄)နည်းဖြင့် သင်တန်းသား(၉၉)ဦးကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် တွင် အားကစားနည်း(၇)နည်းဖြင့် သင်တန်းသား(၁ဝ၆၆)ဦးကိုလည်းကောင်း၊ တပ်ကုန်း မြို့နယ်တွင် အားကစားနည်း(၆)နည်းဖြင့် သင်တန်းသား(၄၅၆)ဦးကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်တွင် အားကစားနည်း(၆)နည်းဖြင့် သင်တန်းသား (၇၆၄)ဦး ကိုလည်းကောင်း အသီးသီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။
 

back to top Eng