Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနား
နေပြည်တော်၊ စက်တင်ဘာလ(၁၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဝန်ကြီးရုံး(အားကစား)၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အကြီးအကဲများနှင့် လက်အောက်ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားအား ယနေ့ညနေ(၃)နာရီအချိန်တွင် ရုံးအမှတ်(၃၁) စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှ အရာထမ်းများ/အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ လမ်းညွှန် အမှာစကားပြောကြားရာတွင် မိမိသည် နိုင်ငံတော်သမ္မတရုံး၏ (၂.၇.၂ဝ၁၈)ရက် တာဝန်ပေးအပ်ချက်အရ (၆.၇.၂ဝ၁၈) ရက်နေ့မှ စ၍ ဒုတိယဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနသည် မိမိ၏ ဒုတိယအိမ်တစ်ခုဖြစ်ပါကြောင်း၊ မိမိသည် ယခုအားကစားနှင့်ကာယပညာဦးစီးဌာနသို့ ၁၉၈၉ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ မိမိသည် အသက်(၁ဝ)နှစ်သမီး အရွယ်မှစ၍ ကြက်တောင်အားကစားကို ပါဝင်ကစားခဲ့ပြီး အသက်(၁၆)နှစ်အရွယ်တွင် နိုင်ငံ့လက်ရွေးစင် ဖြစ်ခဲ့ပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိကာ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပါကြောင်း၊ ၁၉၇၉ခုနှစ် ကမ္ဘာ့ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြောင်း၊ မိမိသည် ငယ်ရွယ်စဉ်မှစ၍ အားကစားဝါသနာ ပါခဲ့သောကြောင့် အားကစားတစ်ဖက် ဆရာဝန်တစ်ဖက်ဖြင့် ဘဝကိုဖြတ်သန်းခဲ့ရပါကြောင်း၊ မိမိသည် အားကစားဆေးပညာရပ်ကို စိတ်ဝင်စားသဖြင့် အားကစားဆေးပညာပါရဂူဘွဲ့ကို ရယူခဲ့ပြီး ထိုပညာရပ်ကိုအသုံးချကာ သက်ဆိုင်ရာဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ မိမိတွေ့ကြုံခဲ့ရသော အတွေ့အကြုံ၊ ဗဟုသုတများကို ပြန်လည် အသုံးချခွင့်ရတဲ့အတွက် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတွင်ရှိသော အတွေ့အကြုံ၊ ဗဟုသုတ၊ ပညာရပ်များကို နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေ သောဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကျရာတာဝန်များကို စိတ်ဓါတ်၊ စည်းကမ်း၊ စည်းလုံးဆိုသော ဆောင်ပုဒ်နှင့်အညီ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန် များကို အသိစိတ်ဓါတ်ရှိရှိ စည်းကမ်းနှင့်အညီ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်စေလိုကြောင်း၊ ဌာန၏ မူဝါဒနှင့်အညီ မိမိတို့ လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများ၊ ရာထူးခန့်ထားရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ယာချထားရေး ကိစ္စရပ်များအား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဌာနမှ ဝန်ထမ်းများအတွက် ကမ္ဘောဇဘဏ်အာမခံလုပ်ငန်း၏ တာဝန်ရှိသူနှစ်ဦးမှ အာမခံ လုပ်ငန်းများအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
6 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display