နေပြည်တော်၊ မတ်လ (၁၆)ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် ၇.၃.၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ် မြိုင်စံပြကျေးရွာ အားကစားကွင်းဖော်ထုတ်နေမှုကိုလည်းကောင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးနှင့်အားကစားကွင်းများကိုလည်းကောင်း ရောက်ရှိစစ်ဆေးလမ်းညွှန်မှာကြားခဲ့ပြီး တင်ပြချက်များနှင့် လိုအပ်ချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
၈.၃.၂၀၂၀ နံနက်ပိုင်းအချိန်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့်ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း syntheticပြေးလမ်းခင်းကျင်းနေမှုကိုကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက်ညွှန်ကြားရေးမှူးချုပ်သည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ရောက်ရှိကာ ယမန်နှစ်ကဆောင်ရွက်ပြီးစီးခဲ့သည့်တည်ဆောက်ရေးလုပ်ငန်းများကိုကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီးလိုအပ်ချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
၁၄.၃.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်းဇရပ်မြို့သို့ နံနက် (၈:၃၀)အချိန်တွင်ရောက်ရှိပြီး အားကစားကွင်း/အားကစားရုံအတွင်းရှိတည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ဆက်လက်ထွက်ခွာရာ (၉:၅၀)အချိန် ကျိုက်ထိုမြု့နယ် ဖက္ကလိပ်ကွင်းသို့ရောက်ရှိပြီး အားကစားကွင်း/အားကစားရုံများကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားခဲ့ပါသည်။ဆက်လက်ထွက်ခွာရာ ဘီးလင်းမြို့သို့ နံနက် (၁၀:၃၅)အချိန်ရောက်ရှိပြီး အားကစားမှူးနေအိမ်၊ ရုံး၊ အားကစားရုံးများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်ထွက်ခွာခဲ့ရာ သထုံမြို့နယ်သို့ (၁၁:၅၀)အချိန်ရောက်ရှိရာ အားကစားကွင်း၊ ပွဲကြည့်စင်နှင့် အလေးမရုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်ထွက်ခွာလာရာ ပေါင်မြို့နယ်သို့ နေ့လယ် (၁:၄၀)အချိန်ရောက်ရှိရာ ဘောလုံးကွင်းနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်ထွက်ခွာခဲ့ရာ မော်လမြိုင်အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ (၂:၂၅)မိနစ်အချိန်ရောက်ရှိပြီး တည်ဆောက်ပြီးစီးသော အားကစားရုံခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဘားအံမြို့သို့ ၁၅.၃.၂၀၂၀ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကရင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနဝန်ထမ်းများ ဘားအံခရိုင်/ဘားအံမြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ထိုနောက် ပြည်နယ်အားကစားခန်းမနှင့် တည်ဆောက်ပြီးစီးပြီးဖြစ်သည့် ပြည်နယ်အားကစားသမားများတည်းခိုဆောင်ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမနှင့် ကာယဗလလေ့ကျင့်ရေးခန်းများသို့ ကြည့်ရှုပြီးလိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ အောင်သံလွင်အားကစားကွင်းအတွင်း ပြည်ထောင်စုဘတ်ဂျက်ဖြင့်တည်ဆောက်လျှက်ရှိသည့် Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။