Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ဖွင့်လှစ်
မုံရွာ၊ အောက်တိုဘာလ (၂၈)ရက်။
မြန်မာအားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုးဆက်သစ် အားကစားသမားများ နိုင်ငံအနှံ့အပြားပေါ်ထွက်လာစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီး၌ ဦးစားပေးအစီအစဉ်ဖြင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွက် အားကစားနှင့် ကာယပညာ သိပ္ပံ (မုံရွာ) ကျောင်းဖွင့်ပွဲအား ယနေ့နံနက် (၈)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်နှင့်တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ကျောင်းမုဒ်ဦးဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ñွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့သည် အဝင်မုဒ်ဦး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပါသည်။ ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း ကမ္ဗည်းမော်ကွန်း ကျောက်စာအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အခမ်းအနား တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့နှင့်အတူ ကမ္ဗည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ကြပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သစ်ပင်စိုက် အခမ်းအနားကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များမှ သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြပါသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ)ကျောင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ တစ်မျိုသားလုံး ကျန်းမာကြံ့ခိုင်လာစေရေးကို အားကစားပြုလုပ်ခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊
အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းကြီး ဆက်လက် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် အတွက်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ၏ ပံ့ပိုးကူညီထောက်ပံ့မှုသည် အထူးအရေးကြီးပါကြောင်း အဆိုပါကျောင်း၌ တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် အခြား အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများထက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် သွားမည်ဟူသော ခံယူချက်အပြည့်အဝ ထားရှိပြီး တာဝန်ထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊
ယခင်ဖွင့်လှစ်ပြီးဖြစ်သော သိပ္ပံကျောင်း(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) (၄) ကျောင်းအား လူသစ်ရွေးချယ်မှုအခြေအနေ၊ အားကစားတိုးတက်မှုအခြေအနေ၊ နည်းပြများ အခြေအနေ၊ အားကစားနည်းအလိုက် ကွင်းရုံအခြေအနေ၊ အားကစားနည်းအလိုက် ငွေကြေးသုံးစွဲမှု အခြေအနေ၊ ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်း အောင်မြင်မှု အခြေအနေများကို ပြန်လည် သုံးသပ်နိုင်ရန် အဖွဲ့များဖွဲ့၍ ဆောင်ရွက်ပြီးစီးရာ နောက်ဆုံးအစီရင်ခံစာများ ရလဒ်အရ အကောင်းဆုံး မဟာဗျူဟာ၊ နည်းဗျူဟာ ရေးဆွဲကာ ယခုကျောင်းအပါအဝင် ဖွင့်လှစ်ပြီးဖြစ်သော သိပ္ပံကျောင်းများအား ပြောင်းလဲလာသောအခြေအနေ၊ အချိန်အခါနှင့်အညီ လိုက်လျောညီထွေ အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ယခုလို အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း အသစ်ဖွင့်လှစ်နိုင်မှုကြောင့် စစ်ကိုင်း တိုင်းဒေသကြီး၏ အားကစားလောက အနာဂါတ်ရောင်ခြည်မှာ ယခင်ထက် ပိုမို ထွန်းတောက် လာမည်ဖြစ်ကြောင်း၊ အားကစားသည် အခုလုပ် အခုအောင်မြင်သော အလုပ် မဟုတ်ဘဲ ရေရှည် အခြေခံအုတ်မြစ်များ ကောင်းကောင်းချမှတ် လုပ်ဆောင်ရသည့်အလုပ် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများ၏ဘဝကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အဟာရဖွံ့ဖြိုးတိုးတက်မှုမှအစ အထူးဂရုပြု ပြုစု စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ အားကစားသမားများ၏ ဘဝအာမခံချက် ရရှိရေးမှာ အဓိကဖြစ်ပါကြောင်း၊ အဆိုပါသိပ္ပံကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများသည်
B.Sc (Sports)
သို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပြီး အားကစားထူးချွန်သူများအား ဝန်ကြီးဌာနအသီးသီးတွင် အလုပ်တာဝန်များ ခန့်အပ်သွားရန် ဆောင််ရွက်လျက်ရှိပါကြောင်း၊
မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနည်းအလိုက် သိပ္ပံနည်းကျ သုတေသနပြုလုပ်ကာ အထူး လေ့ကျင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်း ပေါင်းစုံ၊ တက္ကသိုလ်ကျောင်းပေါင်းစုံပြိုင်ပွဲများအား ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ပြိုင်ပွဲများ ကိုကျင်းပသွားမည် ဖြစ်ပါ ကြောင်း၊ လာမည့် ဘ@ာရေးနှစ်တွင်လည်း တစ်နိုင်ငံလုံးရှိ အားကစား ကွင်း/ရုံများကို စာရင်းပြုစု၍ ပြုပြင်မွမ်းမံဆောင်ရွက်သွားပြီး ပြည်သူများ အခမဲ့ဝင်ရောက် လေ့ကျင့်နိုင်မည််ဖြစ်ကြောင်း၊ မြို့နယ်အသီးသီးရှိ ပြည်သူများ အားကစားပြုလုပ်နိုင်အောင် နေရာအသီးသီး၌
Outdoor Fitness
များကို တပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အားကစားက@အတွက် နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း ပိုမိုတိုးတက်ရရှိစေရန် တောင်းခံသွားမည် ဖြစ်ပါကြောင်း၊
ယခုဖွင့်လှစ်သော အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်း၌ တက်ရောက်ပညာ သင်ကြားလေ့ကျင့်ကြမည့် လူငယ်များအနေဖြင့် စည်းကမ်းကောင်းမွန်ပြီး ဆရာ၊ ဆရာမများ၊ နည်းပြများ၏ သင်ကြားပြသ သွန်သင်ဆုံးမမှုအား နာခံလိုက်နာကာ ပညာများကို သင်ယူလေ့ကျင့် ရန် အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုငး်ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းကို ဖွင့်လှစ်၍ တိုင်းဒေသကြီးအတွင်းရှိ အားကစားဝါသနာရှင် ကျောင်းသား၊ကျောင်းသူများအား ရွေးချယ်ကာ ပညာရေး၊ လေ့ကျင့်ရေး၊ အားကစားအထောက်အကူပြုပစ္စည်းများကို အခမဲ့ ထောက်ပံ့၍ လေ့ကျင့်သင်ကြားပေးလျက်ရှိသောကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အားကစား နှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေ နှင့် အတတ်နိုင်ဆုံး အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုကျောင်းမှ နိုင်ငံတော်အတွက် နိုင်ငံံဂုဏ်ဆောင်နိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ကျောင်းရှိအားကစားနည်းအလိုက် လေ့ကျင့်သင်ကြားပေးလျက် ရှိသော နည်းပြ များအနေဖြင့်လည်း ခေတ်နှင့်အညီ ခေတ်မှီဖွံ့ဖြိုးတိုးတက်လျက်ရှိသော အားကစားနည်းစနစ်များကို လေ့လာလိုက်စား၍ ပြန်လည်သင်ကြားပြသနိုင်ရန် ကြိုးစားကြစေလိုကြောင်း၊ ကျောင်းသားများ အနေဖြင့်လည်း မိမိတို့သည် ပညာတော်၍ အားကစားထူးချွန်သော နိုင်ငံံံ့ ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်ရမည် ဟူသော ခံယူချက်ဖြင့် ကြိုးစားကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီင်္းဌာန ñွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း၏ ကျောင်းအကျိုးတော်ဆောင် ရန်ပုံငွေအတွက် ကျောင်းရန်ပုံအလှူငွေ ကျပ်သိန်း(၁ဝဝ)အားပေးအပ်ရာ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ လက်ခံရယူပါသည်။ ဆက်လက်ပြီး အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ)ကျောင်း ဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှ လက်ခံရယူပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်မှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း(၃ဝ)နှင့် ဘောလုံး(၂ဝဝ)အား ဦးဇော်ဇာ်ကိုယ်စား တာဝန်ရှိသူတစ်ဦးမှ ပေးအပ်ရာ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ လက်ခံရယူပါသည်။ ဆက်လက်ပြီး မိဘမေတ္တာပျိုးဥယျာဉ် ဦးတင်ထွ¥်မှ ကျောင်းစိမ်းလန်းသာယာရေးအတွက် ကျပ်(၁၂)သိန်းခန့်တန်ဖိုးရှိ ပျိုးပင်များကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြိုင်မှ လက်ခံရယူပါသည်။ ဆက်လက်ပြီး ချင်းတွင်းအားမာန် ညီအကိုများ ကုမ္မဏီမှ ဦးဝင်းခိုင်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျပ်(၁ဝ)သိန်းနှင့်ညီမျှသော (၁)နှစ်စာ စားတော်ပဲအား ပေးအပ်လှူဒါန်းရာ လူမှုရေးဝန်ကြီးမှ လက်ခံရယူပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအား တာဝန်ယူဆောက်လုပ်ပေးခဲ့ ကြသော ကုမ္မဏီများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ ကုမ္မဏီများမှ အသီးသီးရယူခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များမှ အားကစားနည်းအလိုက် ကျောင်းသား၊ကျောင်းသူများအား အခမဲ့ ထောက်ပံ့ပေးထားသော အားကစားအထောက်အကူ ပစ္စည်းများခင်းကျင်းပြသထားသည်ကို လိုက်လံကြည်ရှုရာ တာဝန်ရှိသူ များမှ ရှင်းလင်းပြသခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းရှိ အားကစားစာသင်ကျောင်း များ၊ ပညာသင်ကြားဆောင်များ၊ အားကစားလေ့ကျင့်ရေးခန်းမများ၊ အားကစားသမားများ စားရိပ်သာများ၊ အားကစားသမားများ၏ အိပ်ဆောင်များ၊ မိုးလုံလေလုံ အားကစားခန်းမများအား လိုက်လံကြည့်ရှုစစ်ဆေးရာ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူ များမှ လိုက်လံရှင်းလင်းပြသကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ ñွှန်ကြားရေးမှူးချုပ်များမှ မုံရွာမြို့နယ် ပြည်သူ့အားကစားကွင်းအား ပြုပြင်တည်ဆောက်မှု အခြေအနေ၊ ပြေးလမ်းခင်းကျင်းထားရှိမှု အခြေအနေ၊ ဘောလုံးကွင်းပြန်လည်ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသကြပါသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း၌ အားကစားနည်း(၁ဝ)မျိုး လေ့ကျင့်သင်ကြား လျက် ရှိပါသည်။ ၄င်းအားကစားနည်းများမှာ ပြေးခုန်ပစ်၊ ဘောလုံး၊ ဘတ်စကတ်ဘော၊ လက်ဝှေ့၊ ဂျုဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ အလေးမ၊ ဘော်လီဘော တို့ဖြစ်ကြပါသည်။ အဆိုပါကျောင်းတွင် အမျိုးသား(၇ဝ)၊အမျိုးသမီး(၅၇) စုစုပေါင်း (၁၂၇)ဦးကို သင်ကြားပေးလျက် ရှိပါသည်။
57 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display