Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" အစီအစဉ်အဖြစ် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ ဒုတိယဝန်ကြီးတက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊အောက်တိုဘာလ(၁၁)ရက်။
ကျန်းမာရေးအတွက် "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" အစီအစဉ်ဖြင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသော စုပေါင်းပြုလုပ်သည့် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း အစီအစဉ်အား ဝန်ကြီးဌာနအသီးသီးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁ဝ)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက် အမှာစကား ပြောကြားပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်အရာရှိကြီးများ တက်ရောက်ကြပါသည်။
အစီအစဉ်အရ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် လူများအားလုံးသည် ကိုယ်စီကိုယ်ငှ လုပ်ငန်းတာဝန်အသီးသီးကို ထမ်းဆောင်နေကြရာတွင် စိတ်ရောကိုယ်ပါ ပင်ပမ်းနွမ်းနယ်လျက်ရှိပြီး ကိုယ်လက်လှုပ်ရှားမှုများ နည်းပါးလာပါကြောင်း၊ ရောဂါဘယများ ပိုမိုဖြစ်ပွားလာကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော ဝန်ထမ်းများ ဖြစ်လာပြီး နိုင်ငံအကျိုးကို ဆထက်တစ်ပိုး ပိုမိုထမ်းဆာင်နိုင်ရန်အတွက် ရည်ရွယ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကကျနေပါကြောင်း၊ မိမိဌာနအနေဖြင့် ဦးစားပေး ဆောင်ရွက်မှု အစီအစဉ်အရ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးကို ဦးစားပေးဆောင်ရွက်ပြီး ထိုမှတဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အသီးသီးရှိ ပြည်သူများသို့ သွားရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၄င်းအစီအစဉ် ပေါ်ပေါက်လာရခြင်း အစမှာ ပြည်ထောင်စုဝန်ကြီး၏
World health Organization(WHO)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီး ညီလာခံမှ
Exercise is Medicine
အစီအစဉ်ဖြင့် မူဝါဒချမှတ်ပြီး ဆောင်ရွက်ရန် လမ်းညွှန်မှုကို အကောင်အထည်ဖော်ရာတွင် ၂ဝ၁၇ခုနှစ်၊ အောက်တိုဘာလ (၂/၃)ရက်နေ့တွင်
Healthy Myanmar National Seminar
အစည်းအဝေးကို ကျင်းပခဲ့ပြီး ထွက်ပေါ်လာသော ရလာဒ်အဖြစ်
Exercise is Medicine "
ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" ဟူသော ဆောင်ပုဒ်အတိုင်း ပြည်သူများ ကျန်းမာသန်စွမ်း၍ လူတန်းစားမရွေး ကိုယ်လက်လှုပ်ရှားမှုများကို ရသည့်အချိန်တွင် မဖြစ်မနေ ဆောင်ရွက်ရမည်ဟုသော အဖြေထွက်ပေါ်လာပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ စိတ်ပါဝင်စားပြီး လေ့ကျင့်ခန်းများကို အတူတကွ ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်ရေးတွင် အစီအစဉ်များ ရေးဆွဲရပါကြောင်း၊ လက်ရှိ ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများတွင် ကျန်းမာအသက်ရှည်စွာ နေထိုင်ရေးအတွက် သိပ္ပံနည်းကျကျ စားသောက်နေထိုင်မှုနှင့် နေ့စဉ်လူတစ်ဦးချင်းစီ၏ ကိုယ်လက်လှုပ်ရှားလုပ်ကိုင်မှုများဖြင့် ကျန်းမာသန်စွမ်း နေထိုင်နိုင်ရေးအတွက် ကြိုးစားနေပါကြောင်း၊ ယနေ့ ခေတ်သည် ကိုယ်လက်လှုပ်ရှားနည်းပါးမှုကြောင့် သွေးတိုး၊ အရိုးကျီးပေါင်း၊ နှလုံး၊ အရိုးပွ နှင့် ကင်ဆာရောဂါများစသည့် ရောဂါအမျိုးမျိုး ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထိုသို့သော ရောဂါဘယများ ကင်းဝေးစေရန် နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကိုယ်လက်လှုပ်ရှားအားကစားကို ပြုလုပ်ခြင်းဖြင့် ရောဂါဘယများအား ကာကွယ်ပြီးသားဖြစ်စေပြီး လုပ်ငန်းတာဝန်များအား အရင်ကထက်ပိုမိုထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ဝန်ကြီးဌာနအသီးသီးတွင် ပြုလုပ်နိုင်ရန်အတွက် မိမိတို့ဌာနမှ ကူညီဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ ငယ်ရွယ်တက်ကြွပြီး အားကစားကို စိတ်ပါဝင်စားကာ လေ့လာလိုက်စားသူများအား မိမိတို့ဌာနသို့ စေလွှတ်ပေးစေပြီး မိမိတို့ဌာနတွင် လေ့ကျင့်ခန်း ပြုလုပ်မှုများကို သင်တန်းပို့ချပြီး ဝန်ကြီးဌာနများရှိ ဝန်ထမ်းများမှ အားကစားလှုပ်ရှားမှု လေ့ကျင့်ခန်းများကို အတူတကွ ပူးပေါင်း ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ထိုသို့ ဝန်ထမ်းများ တာဝန်ထမ်းဆောင် ရင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နေထိုင်သွားလာရာတွင် ပေါ့ပါးခြင်း၊ အစားအသောက် ပိုမိုကောင်းမွန်လာခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်လာခြင်း၊ စိတ်ဖိစီးမှုများ လျော့ပါးလာခြင်းများ ကိုယ်တွေ့ခံစားရမည်ဖြစ်ပါကြောင်း၊ ရောဂါရှိပါကလည်း ဖြစ်လက်စ ရောဂါများ လျော့ပါးသက်သာလာမည်ဖြစ်ပြီး ဆေးသောက်၍ ကုသခြင်းထက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ရောဂါများကာကွယ်ပြီးဖြစ်ကာ ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းအားလုံး ကျန်းမာရေးကို ကာကွယ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်ဖြင့် အမျိုးသမီး အားကစားအဖွဲ့ချုပ်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်ကွင်းဆင်းကာ စည်းရုံးဆောင်ရွက်နေမှုအခြေအနေများ၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်နေမှုအခြေအနေများ၊ ယခုကဲ့သို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ကို ဝန်ကြီးဌာနအသီးသီးသို့ သင်တန်းများ ပို့ချနိုင်ရေးအတွက် စီစဉ်ထားရှိမှုများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဆေးဘက်ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေမှ တိုးတက်လာသော နည်းပညာများအရ ကွန်ပျူတာသုံးစွဲခြင်း၊ မိုဘိုင်းဖုန်းများအသုံးပြုမှုများလာခြင်းများနှင့် လုပ်ငန်းတာဝန်များပြားလာမှုများကြောင့် ကိုယ်လက် လှုပ်ရှားမှုများ နည်းပါးလာပါကြောင်း၊
WHO
၏ ကျန်းမာရေးစစ်တမ်းပြုစုမှုအရ အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် အခြေခံအချက်အလက်များလုံလောက်မှုမရှိခြင်းကို ခုနှစ်အလိုက် ရာခိုင်နှုန်းများတိုးပွားလာမှု၊ ဖြစ်ပေါ်လာသောရောဂါများကို ရှင်းလင်းပြောကြားပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို မဖြစ်မနေပြုလုပ်ရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနကိုယ်စားလှယ်အသီးသီးမှ ဆွေးနွေးတင်ပြကြရာ ယခုကဲ့သို့ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား အချိန်တစ်ခုပေး၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် အစီအစဉ်များအား အထူးဝမ်းမြောက်စွာထောက်ခံပြီး ကြိုဆိုပါကြောင်း၊ ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အားကစားအထောက်အကူပြုပစ္စည်းများအား ပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များ၊ သင်တန်းပို့ချနိုင်ရေးကိစ္စရပ်များအား အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိိမိနိုင်ငံ၏ လက်ရှိ အခြေအနေမှာ
National Fitness
ကျဆင်းလျက်ရှိပါကြောင်း၊ လူငယ်မျိုးဆက်သစ်များကို ကျန်းမာကြံ့ခိုင်ပြီးတိုင်းပြည်တွင် အားထားရသော လူငယ်ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ယခုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ပုံမှန်အမြဲတမ်းလုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လေ့ကျင့်ခန်းများပြုလုပ်ရာတွင် အသက်အရွယ်အလိုက် လိုက်လျော်ညီထွေမည့် လေ့ကျင့်ခန်းများကို မည်သည့်အရပ်တွင်မဆို ပြုလုပ်နိုင်ပါကြောင်း၊ လေ့ကျင့်ခန်းများအားလုံးတွင် ပြည်သူများအားလုံးပါဝင်လှုပ်ရှားနိုင်ရေးအတွက် သင်တန်းများမှတဆင့် သတင်းမီဒီယာ၊
Social Network
များ အသုံးပြု၍ အချင်းချင်း ပြန်လည်ဝေငှပြီး အသုံးပြုစေခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးကို အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုတက်ရောက်လာကြသော ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်ကြီးများအနေဖြင့် "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" အစီအစဉ် တွင် စုပေါင်း ပါဝင်ကူညီဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
6 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display