skip to content

ရန်ကုန်၊ သြဂုတ်လ( ၁၆)ရက်။            

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ယနေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် အောင်ဆန်းအားကစားကွင်းရှိ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်သို့ ရောက်ရှိရာ  မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်ပမည့် နိုဝင်ဘာ(၁၂)ရက်မှ (၂၆)ရက်နေ့ အထိ ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လက်ရွေးစင် အားကစားသမားများအားတွေ့ဆုံ အားပေးစကားပြောကြားပြီး ကမ္ဘာ့ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲကျင်းပ ပြုလုပ်နိုင်ရန်အတွက် GRAND MERCURE YANGON GOLDEN EMPIRE မှ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်သို့ ကျပ်သိန်း(၅ဝ) လှူဒါန်းရာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် နာယက ဦးဝင်းသောင်းနှင့် ဥက္ကဌ ဒေါက်တာမင်းနိုင်တို့က လက်ခံခဲ့သည်။

ဆက်လက်၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်သည် မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်လျက်ရှိသော ကရာတေးဒို၊ စစ်တုရင်အားကစားသမားများအား ကြည့်ရှုအားပေး၍လည်းကောင်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်အောက်တိုဘာ(၂)ရက်မှ (၁၂)ရက်အထိကျင်းပပြုလုပ်မည့်  ICC World Twenty Asia (B) Qualifier 2018 အတွက်ဝင်ရောက်ယှဉ်ပြိုင်မည့်ခရစ်ကတ် အားကစားသမားများအား ကြည့်ရှုအားပေး၍ လည်းကောင်း၊ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 30th SEA Games  ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အလေးမ၊ ဘော်လီဘော အားကစားသမားများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အောင်ဆန်းအားကစားပြိုင်ဝင်းရှိ လက်ရွေးစင် အားကစားသမားများအား ဆေးကုသရန်ဖွင့်လှစ်ထားသော ဆေးခန်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။

 


back to top Eng