Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် နိုင်ငံတကာ ပြိုင်ပွဲများ လက်ခံကျင်းပမည့် အားကစားကွင်းနေရာများနှင့် ပြင်ဦးလွင်ရှိ အားကစားလေ့ကျင့်ရေးစခန်းတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း
နေပြည်တော်၊ စက်တင်ဘာ(၂၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် စက်တင်ဘာလ(၂၁)ရက်နေ့၊ နေ့လည်(၂)နာရီအချိန်တွင် မန္တလေးမြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှအသက်(၁၅)နှစ်အောက်နှင့် အသက်(၁၇)နှစ်အောက် ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် (၅)နိုင်ငံဖိတ်ခေါ်
Criterium
စက်ဘီးပြိုင်ပွဲများ လက်ခံကျင်းပမည့် အားကစားကွင်းနေရာများအား ကြည့်ရှုစစ်ဆေးပါသည်။
ရှေးဦးစွာ အာရှအသက်(၁၅)နှစ်အောက်နှင့် အသက်(၁၇)နှစ်အောက် ကြက်တောင်ရိုက် ပြိုင်ပွဲ လက်ခံကျင်းပမည့် မန္တလေးမြို့ရှိ ဘက်စုံသုံးမိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိခဲ့ပြီး ကြည့်ရှု စစ်ဆေးပါသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် အားကစားရုံအတွင်း ပြိုင်ပွဲကျင်းပချိန် ပြိုင်ပွဲစံချိန်/ စံညွှန်းအတိုင်းဆောင်ရွက်ထားရှိမှု၊ ပရိသတ် ကြည့်ရှုနိုင်မှုအခြေအနေ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ပြိုင်ပွဲလက်ခံကျင်းပနိုင်မှုတွင် လိုအပ်သည့် ပြင်ဆင်လျာထားချက်များကို အချိန်မီပြည့်စုံအောင် စီမံထားရှိနိုင်ရေး လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည်် (၅)နိုင်ငံဖိတ်ခေါ်
Criterium
စက်ဘီးပြိုင်ပွဲများ လက်ခံ ကျင်းပမည့် နေရာဖြစ်သော မန္တလေးမြို့ ကျုံးမြောက်ဘက် (၁၂)လမ်းနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြိုင်ပွဲလက်ခံကျင်းပရာတွင် ကြုံတွေ့ရနိုင်သည့် လမ်းအန္တရာယ်နှင့် စက်ဘီးတာလွှတ်စုရပ် အဖြစ်ထားရှိမည့်နေရာများနှင့် ကြော်ငြာဘုတ်များထားရှိမည့် ပြိုင်ပွဲဝင်နေရာများ၊ ပြိုင်ပွဲတွင် ဆေးအဖွဲ့ထားရှိနိုင်ရေး အခြေအနေများ၊ ပရိတ်သတ်များ လာရောက်ကြည့်ရှုမည့် နေရာသတ်မှတ် ချက်များ၊ ပြိုင်ပွဲလက်ခံကျင်းပနိုင်မည့် အချက်အလက်များ ပြည်စုံအောင် လိုအပ်ချက်များကို စီမံထား ရှိဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်တင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ အားကစားလေ့ကျင့်ရေးစခန်းသို့ ရောက်ရှိလာပြီး နိုင်ငံ့လက်ရွေးစင်အားကစားသမား အလှည့်ကျ လာရောက်စခန်းသွင်းလေ့ကျင့်နိုင်ရေးတွင် ပြင်ဦးလွင်ရှိ အားကစားလေ့ကျင့်ရေးစခန်းအားကစားရုံ ပျက်စီးယိုယွင်းနေမှုကို ပြုပြင်ထိန်းသိမ်းရမည့်အခြေအနေများ၊ အားကစားအထောက်အကူပစ္စည်းများ ထားရှိမှု အခြေအနေများ၊ နိုင်ငံလက်ရွေးစင်များသာမကပဲ မန္တလေးတိုင်းဒေသကြီး အားကစားနည်းအလိုက် အားကစားသမားများစခန်းသွင်းလေ့ကျင့်ပေးနိုင်ရေး၊ ပြင်ဦးလွင်မြို့ရှိ အားကစားဝါသနာရှင် များအားကစားနည်းအလိုက် စနစ်တကျလာရောက် လေ့ကျင့်ကစားနိုင်ရေးအခြေအနေများ စီမံ ဆောင်ရွက်ထားနိုင်မှု အခြေအနေတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။
ထိုသို့ ဒုတိယဝန်ကြီးလိုက်လံကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလာကြပြီး မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းမှ ကျောင်းအုပ်ကြီး ဦးမျိုးမြတ်အောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့် စက်ဘီးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်းပြသကြပါသည်။
12 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display