Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ Physical Fitness Dance Exercise သင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ(၇)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ပူးပေါင်း၍ကျင်းပသော ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊
Physical Fitness Dance Exercise
သင်တန်းအမှတ်စဉ်(၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူးများ၊ နည်းစနစ်မှူးများ၊ ပညာရေး၀န်ကြီးဌာနမှ ကာယဆရာ/ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့်သင်တန်းက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကျင်းပခဲ့သည့်
Healthy Myanmar Seminar
က ထွက်ပေါ်လာသည့်
Outcome
တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့်
Physical Fitness Dance
သင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နို၀င်ဘာလ (၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ
Physical Fitness Dance
သင်တန်းအမှတ်စဉ်(၁/၂၀၁၈)ကို နေပြည်တော် ၀န်ကြီးဌာနအသီးသီးမှာရှိသည့် ၀န်ထမ်း(၁၈၉)ဦးတို့ကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုဆိုရင် ၀န်ကြီးဌာနအသီးသီးမှာ
Physical Fitness Dance
လေ့ကျင့်ခန်းတွေကို လှုပ်ရှားဆောင်ရွက် နေကြပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီနေ့ကမ္ဘာကြီးမှာ နည်းပညာဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ နည်းပညာပစ္စည်းများနဲ့သာ အချိန်ကုန်ခြင်း၊ အထိုင်များခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာသဖြင့် လူတိုင်းကိုယ်လက်လှုပ်ရှားမှုကို တစ်ပတ်လျှင် အနည်းဆုံး မိနစ်(၁၅၀)ခန့် ပြုလုပ်သင့်ကြောင်း (WHO)က လမ်းညွှန်ထားပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက
Healthy Myanmar Seminar
ခေါင်းစဉ်နဲ့
National Sports Seminar
ကို ကျင်းပပြုလုပ်ပြီး ထွက်ပေါ်လာတဲ့
Outcome
တွေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ရင် ကိုယ်ခန္ဓာနဲ့ သွေးထဲမှာရှိတဲ့ဆဲလ်တွေ၊ အဆီပိုတွေတင်မကပဲ ဆီးချို၊ သွေးချို ကင်ဆာအပြင် အသက်ရှင် လျက် ဖြစ်ပေါ်နေတဲ့ အယ်လ်ဇိုင်းမားရောဂါတွေအဖြစ် နည်းလာမည်ဖြစ်ကြောင်း၊ ဦးနှောက် သွေးလည်ပတ်မှုကို အားကောင်းစေပြီး၊ မှတ်ဥာဏ်စွမ်းရည်တွေ အထူးကောင်းမွန်လာမယ်၊ ကြွက်သား၊ အရိုး၊ သွေးကြောနှင့် အသက်ရှုလမ်းကြောင်းတွေ သန်စွမ်းလာမည် စသည့်ကောင်းကျိုးတွေရရှိလာမှာဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော ၀န်ထမ်းမိသားစုများ၊ ပြည်သူများဖြစ်လာပြီး နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ပိုမိုထမ်းဆောင် နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးမှာရှိကြသည့် ပြည်သူများအသိအမြင်တိုးပွားပြီး ကိုယ်လက်လှုပ်ရှားမှုများ များပြားလာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူးများနှင့် ပညာရေး၀န်ကြီးဌာနမှ ဆရာ/ဆရာမများကို သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ပါကြောင်း၊
ဆက်လက်၍ ပညာရေး၀န်ကြီးဌာနရှိ ၀န်ထမ်းမိသားစုများ၊ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများအားပြုလုပ်လာစေရေး စည်းရုံးဆောင်ရွက်ပေးကြပါရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူး၊ နည်းစနစ်မှူးများအနေနဲ့လည်း မိမိတို့ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ပြည်သူအများ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်လာစေရေး အတွက် ယခင်ကထက်ပိုမိုတိုးမြှင့်ဆောင်ရွက်ကြစေလိုကြောင်း၊ တိုက်တွန်းပြောကြားရင်း အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်တန်းကို (၇.၁.၂၀၁၉)ရက်နေ့မှ (၁၈.၁.၂၀၁၉)ရက်နေ့အထိ ပညာရေး၀န်ကြီးဌာနမှ ကာယဆရာ/ဆရာမများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားမှူးများ၊ နည်းစနစ်မှူးများ၊ စုစုပေါင်းအင်အား (၂၈၆)ဦး ဖြင့် တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
11 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display