skip to content
 
ရှမ်းပြည်နယ်၊ ဒီဇင်ဘာ (၂၄)။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ ပြည်နယ်အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့် အဖွဲ့၀င်များ၊ ခရိုင်တာ၀န်ခံများ နှင့် အဖွဲ့၀င်တို့သည် ၂၃ - ၁၂ - ၂၀၁၈ ရက်နေ့၊ ညနေ ( ၅:၀၀ )နာရီအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း အရှေ့ဘက်ရှိ အားကစားလေ့ကျင့်ရေး (၃) ထပ်ဆောင်ရှိ ရိုးရာလက်ဝှေ့ - မြန်မာ့သိုင်း၊ ဘိလိယက်နှင့်စနူကာ၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ စားပွဲတင် တင်းနစ်၊ GYM အားကစားနည်း ( ၆ ) နည်း ဖွင့်လှစ်ထားရှိမှုအား ကြည့်ရှု့ စစ်ဆေးပြီး သင်တန်းဆရာ / နည်းပြများအား တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားခဲ့ပြီး ၂၀၁၈ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဖလား TSDP အစီအစဉ်အရ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အလိုက် အလွတ်တန်း အားကစားပြိုင်ပွဲများတွင် ကျင်းပလျက်ရှိသော တိုက်ကွမ်ဒို အားကစားပြိုင်ပွဲ ဆုရရှိသူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
ဆက်လက်ပြီး ၂၄ - ၁၂ -၂၀၁၈ ရက်နေ့၊ နံနက် ( ၉း၃၀ ) အချိန်တွင် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးအစည်းအေ၀းခန်းမတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ခရိုင်၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများမှ တာ၀န်ခံများ နှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
 
 

back to top Eng