Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် ၊ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ဝှေ့အားကစားအဖွဲ့အား လမ်းညွှန်အမှာစကားပြောကြားခြင်းနှင့် မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့အမှတ်ခတ်ပြို
ရန်ကုန်၊ ဇူလိုင်လ( ၁၅ )ရက်။
၂၀၁၉ခုနှစ်၊ဇူလိုင်လ(၁၈)ရက်နေ့မှ (၂၈)ရက်နေ့ အထိ ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် Thailand Open International Boxing Tournament 2019 သို့၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာလက်ဝှေ့အားကစားအဖွဲ့အား လမ်းညွှန်အမှာစကားပြောကြားခြင်း အခမ်းအနားကို ယမန်နေ့နေ့လည် (၃)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အုပ်ချုပ်သူနည်းပြနှင့်ကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာပြည်ပသို့သွားရောက်ယှဉျပြိုင်မည့် မြန်မာလက်ဝှေ့အားကစား အဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ဂါရ၀ပြုပြီး အသင်းအုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ကြိုတင်ပြင် ဆင်ထားမှုနှင့် အားကစား သမား တစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက် ယှဉ်ပြိုင်နိုင်မှုနှင့် တိုးတက်မှု အခြေအနေများကို သိလိုခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများ အနေဖြင့်လည်း ပြိုင်ဘက်ရဲ့အားသာချက်၊ အားနည်းချက်ကို အမြဲလေ့လာပြီး ပိုမိုကောင်းမွန်သော ရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊ အားကစားသမားများ၏ ကျန်းမာရေးလည်း အရေးကြီးပြီး ရာသီဥတုပြောင်းလဲမှုရှိသောကြောင့် အစားအသောက် အနေအထိုင်အထူးဂရုပြုစေလိုပါကြောင်း၊ မိမိတို့၏တစ်နေတာ လေ့ကျင့်မှုနှင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေခဲ့ရသည့် အကြောင်းအရာ များအား နေ့စဉ်မှတ်တမ်းတင်ထားရှိရန်နှင့် မိမိကိုယ် ကိုယ်ပြန်လည်သုံးသပ်ဖို့ လမ်းညွှန် အားပေးစကားပြောကြား ပြီးနောက် ဒုတိယ၀န်ကြီးမှ သွားရောက်ယှဉ်ပြိုင်ကြမည့် အဖွဲ့ခေါင်းဆောင်၊ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများ နှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါမြန်မာလက်ဝှေ့အားကစားအဖွဲ့သည် အဖွဲ့ခေါင်းဆောင်(၁)ဦး ၊ အုပ်ချုပ်သူ (၁)ဦး၊ နည်းပြ (၃)ဦး၊ အားကစားသမား(၇)ဦး၊ စုစုပေါင်း(၁၂)ဦးသည် ဇူလိုင်လ(၁၈) ရက်နေ့တွင် သွားရောက် မည်ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်နှင့်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများလိုက်ပါလျက် အောင်ဆန်းအားကစားပြိုင်၀င်းရှိ မိုးလုံလေလုံအားကစားရုံတွင် ၂၀၁၉ခုနှစ်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်ဥက္ကဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာ ခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့သည်။
ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးသက်လွင် က ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အလှူငွေများထည့်၀င်ပေးခဲ့ကြသော ဒုတိယဥက္ကဌများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခဲ့သည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးသက်လွင် ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များက အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရ One Two TwoOne အသင်း၊ ဒုတိယဆုရ ကျန်းမာသုခအသင်း၊ တတိယဆုရ ရွှေသဟာ(က)အသင်း၊ အမျိုးသား(၄)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရ တက်သစ်စအသင်း၊ ဒုတိယဆုရ စိန်သရဖူ အသင်း၊ တတိယဆုရ ချစ်ကြည်ရေးအသင်း၊ အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရ မန်းစတားအသင်း၊ ဒုတိယဆုရ TopStar အသင်း၊ တတိယဆုရ ရွှေဟင်္သာအသင်း၊ အမျိုးသား(၁၀)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရ ဌေးရတနာအသင်း၊ ဒုတိယဆုရ OneTwo TwoOne အသင်း၊ တတိယဆုရ ကာကွယ်ရေးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့်အတူငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြိုင်ပွဲတွင်အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲ၌ အကောင်းဆုံးအားကစားသမားဆုရ ကျန်းမာသုခ အသင်းမှ ကျောနံပါတ်(၁)မ၀င့်ယမုံ ၊ အမျိုးသား(၄)ပေါက်တန်းပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားဆုရ တက်သစ်စအသင်း မှ ကျောနံပါတ်(၄)ထက်ပိုင်စိုး၊ အမျိုးသား(၆)ပေါက် တန်းပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားဆုရ TopStar အသင်း မှ ကျောနံပါတ်(၁)ကိုကိုပိုင် ၊ အမျိုးသား(၁၀)ပေါက် တန်းပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားဆုရ ဌေးရတနာအသင်း မှ ကျောနံပါတ်(၂)အေးမင်းထွန်း နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအထောက်အဆယ်ဆု ရရှိသော တက်သစ်စအသင်းမှ ကျောနံပါတ် (၁) အောင်မင်းသိန်း တို့အား ဆုဖလားနှင့်အတူ ငွေသားဆုများချီးမြှႇင့်ခဲ့ကြောင်း သတင်းရရှိသည်။
8 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display