Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်ဆုချီးမြှင့်
နေပြည်တော် ဇူလိုင် ၃
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုအား ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကား ပြောကြားပြီး Women of Future (SEA) ဆုရရှိသူ ရန်ကုန်တိုင်းဒေသကြီး တောင်သူပညာပေးအဖွဲ့(Proximity Designs) မှ အထွေထွေမန်နေဂျာ မဖြူနှင်းငြိမ်း၊ ကြက်တောင်အားကစား ထူးချွန်ဆုရရှိသူ ရန်ကုန်မြို့မှ မသက်ထား သူဇာကိုယ်စား ၎င်း၏ဖခင် ဦးထွန်း ထွန်းဇော်၊ အလွတ်တန်းဆောင်းပါး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်း တိုင်းဒေသကြီး ကနီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိုက်စိုးထွန်း၊ ဒုတိယဆုရရှိ သည့် မကွေးမြို့ သင်ကြားရေးဆေးရုံကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂) ဦးအောင် စည်သူ၊ တတိယဆုရရှိသည့် ရန်ကုန် တက္ကသိုလ်၊ မြန်မာစာဌာနမှ ဘွဲ့လွန် ကျောင်းသား မောင်ရဲမင်းထက်တို့အား ဂုဏ်ပြုဆုများချီးမြှင့်သည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ထူးချွန်ရဲမေဆု ရရှိသူ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ ဒု-ရဲအုပ် ဒေါ်အေးစံပယ်၊ ထူးချွန်မီးသတ်ရဲမေဆု ရရှိသူ ရန်ကုန်တိုင်းဒေသကြီး မီးသတ် တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယဦးစီးမှူး ဒေါ်လွင်လွင်သူ၊ ထူးချွန်ကြက်ခြေနီဆု ရရှိသူ မွန်ပြည်နယ် တပ်ဖွဲ့ခွဲမှူး ဒေါ်သီသီ မွန်၊ မသန်စွမ်းထူးချွန်ဆုရရှိသူ မကွေးမြို့ အရှေ့သီရိရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှ စေတနာ့ဝန်ထမ်းဆရာမ ဒေါ်အိအိညိမ်းတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ အခြေခံပညာအထက်တန်းကျောင်း(၆)မှ မထက်ဆုပန်၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ် မုဒုံမြို့ အခြေခံပညာ အထက်တန်းကျောင်း(၁)မှ မအေးမြတ် နိုးသူ ၊ တတိယဆုရရှိသူ ကရင်ပြည်နယ် ဘားအံမြို့ အခြေခံပညာအထက်တန်း ကျောင်း(၄)မှ မချောသန္တာမိုးမြင့် တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်တင်ဝင်းက ၂၀၁၉-၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာတွဲ အမှတ်အများဆုံးရရှိသူ ဧရာ၀တီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် တောင်တက်ရိုး အခြေခံပညာအထက်တန်းကျောင်းမှ မသဇင်ဝင်း၊ သိပ္ပံတွဲတွင် ဒုတိယအမှတ် အများဆုံးရရှိသူ မန္တလေး တိုင်းဒေသကြီးCAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ မဟန်နီထွန်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က သိပ္ပံတွဲတွင် ဒုတိယ အမှတ်အများဆုံးရရှိသူ မန္တလေး တိုင်း ဒေသကြီး CAE ကိုယ်ပိုင်အထက်တန်း ကျောင်းမှ မယမုံသွင်တို့အား ဂုဏ်ပြုဆု များ ချီးမြှင့်သည်။
ထို့နောက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (၄)ဖွဲ့မှ တာဝန်ရှိသူများက စကားဝိုင်းဆွေးနွေးခြင်း အစီအစဉ်တွင် အမျိုးသမီးများနှင့် ရာသီဥတုပြောင်းလဲ မှု ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ အဖြစ် အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ Facilitator အဖြစ် AICS မှ National Coordinator ဒေါ်ချိုချိုရီ၊ ပါဝင်ဆွေးနွေးသူများ အဖြစ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုး သွယ်၊ သစ်တောဦးစီးဌာနမှ သုတေသန အရာရှိ ဒေါက်တာမူမူအောင်၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသူဇာ ဝင်း၊ ဧသုခလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမြင့်တင်(ခ)ဦးအောင်မြင့်တို့က လည်း ကောင်း။
အမျိုးသမီးနှင့်မီဒီယာ ခေါင်းစဉ် ဖြင့် ဦးဆောင်ဆွေးနွေးသူ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူ၊ Facilitator အဖြစ် ဒေါ်စုစုမာ၊ ပါဝင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယုယု ဝင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိလ္လာစိုး၊ UNESCO မှ Project Officer ဒေါ်နိုင်နိုင်အေး၊ ရုပ်ရှင်ဒါရိုက်တာ ဒေါ်ခရစ္စတီးနားခီ၊ Myanmar Women Journalists Society မှ ဒေါ်ထက်ထက်တို့က လည်းကောင်း။
၂၀၁၉ ခုနှစ်၊ မြန်မာအမျိုးသမီးများ နေ့ အခမ်းအနားတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစန်းစန်းအေး၊ Facilitator အဖြစ် UN Women မှ ဒေါ်သင်းသင်းအောင်၊ ပါဝင်ဆွေးနွေးသူ များအဖြစ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဒုတိယòန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ချယ်ရီ၊ WON မှ ဒေါ်သူဇာ တင်၊ မန္တလေး တိုင်းဒေသကြီး အမျိုးသမီး ကော်မတီမှ ဒေါ်လှိုင်ယဉ်နွယ်တို့က လည်းကောင်း။
သက်ဆိုင်ရာ ကဏ္ဍများတွင် ကျား၊ မ ရေးရာ ထည့်သွင်းဆောင်ရွက် ခြင်း ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်း၊ မန္တလေး အဖြစ် AICS မှ National Coordinator ဒေါ်နော်အေးအေးလှိုင်၊ ပါဝင်ဆွေးနွေး သူများအဖြစ် ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နယ် လီစန်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ အတွင်း ရေးမှူး ဒေါ်နွယ်နီအုန်း၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ပူးတွဲ သဘာပတိ ဒေါ်နွယ်ဇင်ဝင်းတို့က လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ် အဖြစ် တေးသံရှင်အဆိုတော် ပိုးမီက မြန်မာအမျိုးသမီးများနေ့ သီချင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ ချုပ်မှ ဝူရှူးအားကစားသရုပ်ပြအက၊ အမျိုးသမီးအဖွဲ့များကွန်ရက်မှ မရှိတာ ထက် မသိတာခက် ပြဇာတ်၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ မြန်မာအမျိုးသမီးများနေ့ သံချပ်၊ သမီးလေး မသီရိဖြူစင်မှ အမေစုပါ နော် သီချင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီး ဌာနမှ အားလုံးရဲ့အိမ် ပြဇာတ်တို့ဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနား အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသူများအား ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
40 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display