Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ မန္တလေး ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် IMAGING CENTER ဖွင့်ပွဲတက်ရောက်မိန့်ခွန်းပြောကြား ဖဲကြိုးဖြတ်ဖွင့်လှစ်
နေပြည်တော်၊ အောက်တိုဘာလ(၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ မန္တလေးဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် Imaging Center ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၉)နာရီ အချိန်တွင် မန္တလေးမြို့ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့်အတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ မန္တလေးဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြမြအေး၊ မန္တလေးဆေးဘက်ဆိုင်ရာသူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်သက်ဝေနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Department of Human Resources for Health သည် Vision , Mission များ ချမှတ်၍ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရည်ရွယ်ချက်မှာ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အချင်းပြည့်မီသည့် ကျန်းမာရေးလူ့စွမ်းအားစု အမျိုးမျိုးကို အမျိုးသားကျန်းမာရေးစီမံကိန်း လိုအပ်ချက်များနှင့်အညီ အလုံအလောက် မွေးထုတ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ရည်မှန်းချက်အဖြစ် အမျိုးသားကျန်းမာရေး မူဝါဒများနှင့်အညီ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲကာ အကောင်အထည်ဖော်ခြင်းနှင့် ကျန်းမာရေ လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် လုပ်ငန်းတာဝန်(၆)ခုရှိပါကြောင်း၊ ခြုံငုံပြီးတင်ပြရပါလျှင် ကျန်းမာရေးလူ့စွမ်းအားစုအမျိုးမျိုး၏ အရည်အသွေးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ လိုအပ်ချက်များနှင့်အညီ လေ့ကျင့်မွေးထုတ်နိုင်ရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ အခြားသော ဦးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော ဆေးဘက်ဆိုင်ရာနည်းပညာရှင်များကို မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ (၂ဝဝဝ ပြည့်နှစ် မေလ ၁၂ရက်)တွင် စတင်ဖွင့်လှစ်ပြီး ယခုအခါ (၁၈)နှစ်ကာလအထိရောက်ရှိပြီး ကျောင်းသားဦးရေ (၁၆၂၃)ဦး ဘွဲ့လွန်(၃ဝ)ဦးကို အောင်မြင်စွာ ပညာသင်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုတက္ကသိုလ်သည် ဆေးဘက်ဆိုင်ရာဓါတ်ခွဲနည်းပညာဘွဲ့၊ ဆေးဘက်ဆိုင်ရာ ဓါတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာဘွဲ့၊ ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှု နည်းပညာဘွဲ့၊ ဓါတ်မှန်နှင့်ပုံရိပ်ဖော် ပေါင်းကူးတို့အဖြစ် ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်း၊ နည်းပညာဒီပလိုမာဆေးဘက်ဆိုင်ရာ မဟာသိပ္ပံဘွဲ့များကိုပါ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်အနေနှင့် ပညာရပ်ဆိုင်ရာများတွင် နိုင်ငံတကာနှင့်တန်းတူ လိုက်ပါနိုင်ရေးအတွက် ပြည်တွင်းသင်ကြားရေးကို အထူးဂရုစိုက်သည့်အပြင် နိုင်ငံခြားတက္ကသိုလ်များနှင့် အခြားပညာရေးဆိုင်ရာ ဆွေးနွေးမှုများကို ဆောင်ရွက်ခြင်း၊ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများမှရရှိသော တွေ့ရှိချက်များကိုအသုံချကာ ပြည်သူလူထုကျန်းမာရေးကို ပိုမိုဂရုစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ဖွင့်လှစ်သည့်
Imaging Center
သည် ဆေးတက္ကသိုလ်အင်္ဂါရပ်နှင့်အညီ လျော်ညီဆောက်လုပ်ပေးထားပြီး
Imaging Center
နှင့် သက်ဆိုင်သော ဓါတ်မှန်၊ တီဗွီဓါတ်မှန်စက်များထားရှိမည်ဖြစ်ပါကြောင်း၊ ၄င်းစက်များကို အသုံးပြုပြီး ဘွဲ့ကြို ဘွဲ့လွန် ကျောင်းသား/ကျောင်းသူများကို ယခုထက်ပိုမို၍ လက်တွေ့နယ်ပယ်မှာ သင်ကြားပေးမည်ဖြစ်ပါသောကြောင့် အလွန်ထိုက်တန်သော အကျိုးကျေးဇူးကိုရရှိပြီး ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှု ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် နိုင်ငံတော်မှပံ့ပိုးပေးပါသော အဆောက်အဦး
Imaging
စက်များကို စည်းကမ်းတကျ ကိုင်တွယ်အသုံးပြုကာ သင်ကြားတတ်မြောက်ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းမှ မန္တလေးဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်နှင့်ပတ်သက်၍ သမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန်များ ကြိုးစားဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးမှ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၏ သင်ကြားသောဘာသာရပ်များရဲ့ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ဧည့်သည်တော်များအား ပါမောက္ခချုပ် ဒေါက်တာမြမြအေးမှ အထိမ်းအမှတ်လက်ဆောင်များကို အသီးသီးပေးအပ်ပါသည်။
ထို့နောက် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်
Imaging Center
ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေး၊ မန္တလေးဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြမြအေးနှင့် ဒေါက်တာခင်သက်ဝေတို့မှ
Imaging Center
အဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
Imaging Center
အဆောင်သစ် မော်ကွန်းကမ္ဗည်းကျောက်စာအား အမွှေးနံ့သာများဖြင့်ပက်ဖြန်းပြီး အဆောင်သစ်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
103 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display