skip to content
 
မြိတ်၊သြဂုတ် (၂၇)။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန - အားကစားနှင့်ကာယပညာဦးစီးဌာန မြိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ် နှင့် မြိတ်မြို့နယ် ပညာရေးဦးစီးဌာန တို့ပူးပေါင်းကျင်းပသော အသက် ( ၁၄ ) နှစ်အောက် မြို့နယ်ပညာရေးမှူး ဖလား ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဒီနေ့ ( ၂၇ - ၈ -၂၀၁၉ ) ရက်နေ့ ညနေ ( ၃ : ၀၀ ) နာရီအချိန်တွင် မြိတ်မြို့ ကျွဲကူးအထက ကျောင်းတွင်ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲတွင် အထက ကျွဲကူးတပ်နယ်ကျောင်း နှင့် အထက သစ်ယာဝ ကျောင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရှိရသည် ထိုနောက်ပြိုင်ပွဲတွင် ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမား ဆုရရှိကြသည့် ဘောလုံးသမားများအား ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများဖြစ်ကြသည့် လက်ထောက်ပညာရေးမှူး ဦးအောင်သန်း ကျွဲကူးတပ်နယ် အထက ကျောင်းအုပ်ကြီး ဗိုလ်ကြီးအောင်သူဝင်း တရားဥပဒေစိုးမိုးရေးနှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ဦးစဧရာဝင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမော်စိုက် မြို့နယ်ဘောလုံး ဒိုင်ချုပ် ဦးခင်မောင်တောင့် နှင့် ဦးရွှေတင် တို့မှချီမြှင့်ပေးအပ်ခဲ့ပြီး ဒုတိယဆုရ အထက သစ်ယာဝနယ်မြေကျောင်းအသင်းအား မြိတ်မြို့နယ် ပညာရေးမှူး ဦးကျော်ရှိန် မှ လည်ဆွဲဆုနှင့် ငွေသားဆုအား ၄င်း တံခွန်စိုက်ဆုဖလားရရှိသည် ကျွဲကူးတပ်နယ်မြေ အထက ကျောင်းအသင်းအား မြိတ်ခရိုင် ပညာရေးမှူး ဦးမြင့်သန်း မှ လည်ဆွဲဆု ငွေသားဆု နှင့်တံခွန်စိုက်ဆုအား၄င်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
 
 
 
သတင်းဓါတ်ပုံ : အောင်သူရစိုး ( မြိတ်ခရိုင် _ အား / ကာ)

back to top Eng