skip to content

ရန်ကုန် ဒီဇင်ဘာ ၁၈
 
မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာကို Get All Myanmar Co., Ltd. မှ Brand Ambassador  အဖြစ်ခန့်အပ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။
 
သက်ထားသူဇာသည် နိုဝင်ဘာလအတွင်းက အီဂျစ်နိုင်ငံ၌ ကျင်းပသည့် EGYPT International 2018 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားသမား ကိုယ်စားပြုအနေဖြင့် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းက နီပေါနိုင်ငံ၌ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာကြက်တောင်စီးရီးပွဲတွင်လည်း ဒုတိယဆုရရှိခဲ့သူဖြစ်ကာ နေပြည်တော်၌ကျင်းပလျက်ရှိသော အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ကျောဒဏ်ရာကြောင့်ပြိုင်ပွဲမှ ထွက်ခဲ့ရသူဖြစ်သည်။
 
၎င်းကို ဒစ်ဂျစ်တယ်စီးပွားရေး ကုမ္ပဏီဖြစ်သော Get All Myanmar Co., Ltd. မှ Brand Ambassador အဖြစ်ခန့်အပ်ပြီး တစ်နှစ်စာ စပွန်ဆာငွေ ပေးအပ်မည်ဖြစ်သည်။
 
သံတမန်ခန့်အပ်ခံရခြင်းအတွက် သက်ထားသူဇာက ''ညီမ Get All Myanmar Co., Ltd.နဲ့ အလုပ်တွဲမလုပ်ခင် ကတည်းက လေ့လာတယ်။ Get All Myanmar Co.,Ltd.က မြန်မာနိုင်ငံသား ကုမ္ပဏီတစ်ခုလည်း ဖြစ်တဲ့အပြင် အခြေခံလူတန်းစားတွေရဲ့ဘဝအဆင့်အတန်းကို နည်းပညာနဲ့ မြှင့်တင်ပေးတဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်'' ဟု ပြောသည်။

back to top Eng