ရန်ကုန် ၁၂ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိရန်နှင့် မြန်မာနိုင်ငံဂျူဒိုအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံချစ်ကြည်ရေးကို မြှင့်တင်ပေးခြင်းဖြင့် ရည်ရွယ်ကာ Hoku' etsu Universty Judo Federation ဂျပန်နိုင်ငံ ဟိုခူရှင်းအဲစုတက္ကသိုလ်မှ ဂျူဒိုအားကစားသမားအဖွဲ့နှင့် မြန်မာ့လက်ရွေးစင်ဂျူ ဒိုအားကစားသမားများတို့ ပူးတွဲလေ့ကျင့်ရန် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်သို့ ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် အမှုဆောင်များ၊ မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသင်းအဖွဲ့ခေါင်းဆောင်နှင့် ဂျူဒိုကစားသမား စုစုပေါင်း ၁၄ ဦးတို့သည် ဖေဖော်ဝါရီ ၁၁ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့ အားကစားနှင့်ကာယပညာသိပံ္ပ(ရန်ကုန်) ကျိုက်က္ကဆံ အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ပူးတွဲလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။