skip to content

ဟုမ္မလင်း ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၅)နှစ်အောက် မြို့နယ်အလိုက် ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် ဟုမ္မလင်းမြို့နယ်ကိုယ်စားပြု၊ ​ပြေးခုန်ပစ်ပြိုင်ပွဲဝင် နည်းပြအုပ်ချုပ်သူ ဦးမင်းမင်းနိုင်နှင့် အားကစားသမားပြိုင်ပွဲဝင် (၂ဝ)ဦးတို့သည် ယမန်နေ့ ညနေ (၅)နာရီအချိန်က မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ရောက်ရှိလာရာ ဟုမ္မလင်းမြို့ဆိပ်ကမ်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အ-ထ-က (၂) ကျောင်းမှဘင်ခရာ၊ ပန်းပွားအကအဖွဲ့၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ နောင်ပကျစ်အားမာန်ဆင်အကအဖွဲ့၊ ပြည်သူများစုစုပေါင်း (၃၀၀) ဦးခန့်က လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဟုမ္မလင်းမြို့နယ်ကိုယ်စားပြု ပြေးခုန်ပစ်ပြိုင်ပွဲဝင် အားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်မှ ရွှေတံဆိပ် (၁၂)ဆု၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ် (၃)ဆုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိခဲ့သည့် ပြိုင်ပွဲဝင်(၂၀)ဦးတို့အား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


back to top Eng