ဘားအံ ဇွန်လ ၂ ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမႉးချုပ် ဦးမျိုးလှိုင်သည် ကရင်ပြည်နယ် ဘားအံမြို့တွင် 2-6-2019ရက်နေ့တွင်ကွင်း/ရုံများ၊ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်မိုးလုံလေလုံအားကစားရုံ ၊ ပြည်နယ်/ခရိုင် / မြို့နယ်ရုံးများ ရုံခန်းအခြေအနေ အလေးမအားကစားခန်းမနှင့် အဆောက်အဦး ဆောက်လုပ်နေမှု၊ လှာကမြင်အဆင့်မြင့် အားကစားကွင်း၊ အားကစားရုံများကို လိုက်လံကြည့်ရှု စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အောင်သံလွင်ကွင်းအစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမႉးချုပ်နှင့် ပြည်နယ် /ခရိုင်/မြို့နယ်များမှ အရာထမ်း အမှုထမ်းများနှင့် တွေ့ဆုံလျှက် လမ်းညွှန်အမှာစကားများပြောကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက် အသီးသီးကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဌာနအတွက် အလုပ်ကြိုးစားဆောင်ရွက်ကြရန်၊ ရုံးလုပ်ငန်းဆိုင်ရာများ စနစ်တကျဆောင်ရွက်ရန် ဌာနတွင်း ဝန်ထမ်းများ စည်းစည်းလုံးလုံးရှိရန်နှင့် ထက်အောက်အပြန်လှန် လေးစားမှုရှိစေရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ပြုမူနေထိုင်ရန် လုပ်ငန်းသုံး လိုအပ်ချက်များ အဆင့်ဆင့်တင်ပြတောင်းဆိုသွားရန် ငွေစာရင်းဆိုင်ရာများ ဘ႑ာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်ရန် English နှင့် Computer ပညာရပ်များဆည်းပူးလေ့လာသွားရန် အားကစားပြိုင်ပွဲများ ကြိုတင်ပြင်ဆင်လျှက် ယှဉ်ပြိုင်သွားရန် ပြိုင်ပွဲအသီးသီးတွင် အောင်မြင်မှုရရှိရေးအတွက် အလေးထားဆောင်ရွက်ရန် ကွင်း/ရုံများ ဥပဓိရုပ်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားလျှက် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။