skip to content

 

ရန်ကုန်

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန် လူထုအားကစားလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှုဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲအား ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလမ်းလျှောက်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားလှုပ်ရှားမှုများတွင် ပြည်သူတစ်ရပ်လုံး စိတ်ပါဝင်စားမှုများ ရှိလာစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဒီဇင်ဘာလ ဒုတိယပတ် လူထုလမ်းလျှောက်ပွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပင်လုံလမ်းတွင်စုရပ်ပြု၍ ပြည်ထောင်စုလမ်းအတိုင်း မြို့ဦးစေတီအထိအသွားအပြန် လမ်းလျှောက် ဆင်နွှဲကြပြီး မသန်စွမ်း အားကစားကွင်းတွင် စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်များ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးများ စုစုပေါင်း အင်အား (၅၀ဝ)ခန့်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခင်ယုမွန်(ပြန်/ဆက်)


back to top Eng