skip to content
 
ရန်ကုန်၊ စက်တင်ဘာလ (၁၂) ရက်။    
 
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှကြီးမှူး၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပပြီး မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် တတိယနေ့ Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ် ၃၂၀-၃၃၂၊ အနော်ရထားလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမတွင်ပြုလုပ်သော Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
 
ပြိုင်ပွဲတွင် အမျိုးသမီး(၁)ဦးချင်းပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံမှ သက်ထားသူဇာက ထိုင်းနိုင်ငံမှ Saranpom Ponpattanamongkol အား (၂၁-၁၀)မှတ် (၂၁-၁၄)မှတ် ၊ ထိုင်းနိုင်ငံမှ Benyapa Aimsaard ကမြန်မာနိုင်ငံမှ သင်းသင်းဆန်းအား ( ၂၁-၇ )မှတ် ( ၂၁- ၅) မှတ်၊ အိန္ဒိယနိုင်ငံမှ P - C – Thulasi က မြန်မာနိုင်ငံမှ သွယ်တာဦးအား (၂၁-၁၁ )မှတ်(၂၁-၁၀ )မှတ်၊ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ Paramet Promsarin နှင့် Pitchayanin Ungka တို့က မြန်မာနိုင်ငံမှ ဟိန်းစည်သူတိုးနှင့် သွယ်တာဦးတို့အား (၁၉-၂၁) မှတ်(၂၁-၁၇) မှတ်(၂၁-၁၃)မှတ်ဖြင့် အသီးသီးအနိုင်ရရှိသွားခဲ့ကြသည်။
 
စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြိုင်ပွဲအား နေ့လႀယ် ၁ နာရီမှ စတင်ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲသို့ မည်သူမဆို အခမဲ့၀င်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။
 

back to top Eng