နေပြည်တော်၊ ဇူလိုင်လ(၂၃)ရက်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပုလောမြို့နယ် မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ တက်ရောက် ခဲ့ကြသည်။
မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ ပုလောမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် လာကြသော အမျိုးသား/ အမျိုးသမီး ကီလိုတန်းအလိုက် အကြိတ်အနယ် လက်ဝှေ့ယှဉ်ပြိုင်ခဲ့ကြရာ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေး ခဲ့ကြသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား ဆွတ်ခူးရရှိခဲ့သော ပုလောမြိုနယ် အသင်းအား လွတ်တော်ကိုယ်စားလှယ် ဦးကြည်လှိုင်က ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အမျိုးသား (၄၈၊ ၅၁၊ ၅၄၊ ၅၇၊ ၆၀၊ ၆၃.၅) ကီလိုတန်းတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးခဲ့ကြောင်းသိရသည်။