ရန်ကုန်၊ ဒီဇင်ဘာလ (၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) ရှိ တိုက်ကွမ်ဒိုအားကစားရုံသစ် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ကျေးဇူးတင်အမှာစကားပြောကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း၊ ညွှန်ကြားရေးမှူးချုပ် (အားကစားနှင့် ကာယပညာဦးစီးဌာန) ဦးမျိုးလှိုင်၊ အလှူရှင် Booyoung Group (Company) မှ Executive Advisorand Chief of oversea department ဖြစ်သူ Mr. ShinHyun-suk နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်တို့က တိုက်ကွမ်ဒိုအားကစားရုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် အမှာစကားပြောကြားရာတွင် -
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa က အမှာစကားပြောကြားရာတွင် -
ဆက်လက်၍ Booyoung Group (Company) မှ Executive Advisor and Chief of oversea department ဖြစ်သူ Mr. ShinHyun-sukက တိုက်ကွမ်ဒိုအားကစားရုံသစ်ကြီး ဖွင့်လှစ်နိုင်ရန် လှူဒါန်းခဲ့ရသည့် အကြောင်းရင်းများကို ရှင်းလင်း တင်ပြခဲ့ပြီးမြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (အားကစားနှင့်ကာယပညာဦးစီးဌာန)၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌနှင့် World Taekwondo Peace Corps မှ အတွင်းရေးမှူး Mr. Shin Dong Yoon တို့က တိုက်ကွမ်ဒိုအားကစားရုံသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်နှင့် မှတ်တမ်းများ ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အားကစားသမားများ သရုပ်ပြသ ကစားမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ ဥက္ကဌဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကျင်းပခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုက်ကွမ်ဒို အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။
တိုက်ကွမ်ဒိုအားကစားရုံသစ် တည်ဆောက် ဖွင့်လှစ်နိုင်ရန်ကိုရီးယားသမ္မတနိုင်ငံ Booyoung Group မှ အမေရိကန်ဒေါ်လာ (၄) သိန်းလှူဒါန်းခဲ့ပြီး (၂၀၁၆) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။