skip to content
 
နေပြည်တော်၊ စက်တင်ဘာလ (၁၆) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက်ဘောလုံးပြိုင်ပွဲ ကွာတားပွဲစဉ်များကို  ညနေ (၃)နာရီ အချိန် ဝဏ္ဏသိဒ္ဓိကွင်း(၁) တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်း မှ ရှမ်းပြည်နယ်အသင်းကို (၃)ဂိုး (၁) ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိကွင်း (၃)တွင် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ရာ ကချင်ပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ဂိုး(၂)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
 
 
(၁၇.၉.၂ဝ၁၈) ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၁၈.၉.၂ဝ၁၈)ရက်နေ့ ဆီမီးဖိုင်နယ်ပြိုင်ပွဲ များအဖြစ် နံနက်(၇)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း တို့သည်လည်းကောင်း၊ ညနေ(၃)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့သည် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng