skip to content

 

ရန်ကုန် ၁၉ ဇူလိုင်

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇူလိုင် ၁၈ ရက်မှ ၂၈  ရက်အထိ ကျင်းပမည့်  Thailand Open lnternational  Boxing Tournament2019   ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးစောထွန်းလှဘော် ဦးဆောင်သည့် အုပ်ချုပ်နည်းပြ လက်ရွေးစင် လက်ဝှေ့အားကစားသမားများအဖွဲ့သည် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲ၌ အမျိုးသားအားကစားသမားအဖြစ် ဇော်မြင့်မိုး၊ နိုင်လတ်၊ အောင်ပြည့်ဖြိုး၊ မျိုးကျော်သူ၊ အမျိုးသမီးအားကစားသမား အေးငြိမ်းထူး၊ နယ်လီ၊ နွယ်နီဦးတို့ ပါဝင်ယှဉ် ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။ 

 

ယင်းအဖွဲ့အား မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် အမှုဆောင်အဖွဲ့ဝင်များက လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အေကေလင်


back to top Eng