skip to content
 
 
နေပြည်တော်၊ နို၀င်ဘာလ( ၃၀ )ရက်။        
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးကျင်းပသော ၂၀၁၈ခုနှစ် နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ Physical Fitness Dance/ Exercise (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာ၀န်ရှိသူများ၊ ၀န်ကြီးဌာနအသီးသီးမှ အရာရှိကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများ  တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့၀န်ကြီးဌာနအနေနှင့် ၀န်ကြီးဌာနအသီးသီးတွင် တာ၀န်ထမ်းဆောင်နေကြသော ၀န်ထမ်းများ၊ မိသားစုများကို ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်လာစေရေးအတွက် ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ ယခုသင်တန်းမှတဆင့် ပြည်သူတစ်ရပ်လုံး ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သည့် အလေ့အကျင့်များရရှိပြီး ကျန်းမာကြံ့ခိုင်သန်စွမ်းသော ၀န်ထမ်းမိသားစုများ၊ ပြည်သူများဖြစ်လာပြီး နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ပိုမိုထမ်းဆောင်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊  ပြည်နယ်/တိုင်းဒေသကြီးများတွင်ရှိသော ပြည်သူများ အသိအမြင်တိုးပွားပြီး ကိုယ်လက်လှုပ်ရှားမှုများ များပြားလာစေရေးအတွက် ပြည်နယ်/တိုင်းဒေသကြီးများမှ အားကစားမှူးများနှင့် ပညာရေးဌာနမှ အထက်တန်းပြ ကာယဆရာ/ဆရာများကိုလည်း ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနအသီးသီးမှ ၀န်ထမ်းများမှ ကျန်းမာစွာဖြင့် မိမိတို့ဌာနများကို ပြန်လည်ရောက်ရှိသွားသည့်အခါ ဌာနအကြီးအကဲအဆင့်ဆင့်အားတင်ပြပြီး ၀န်ထမ်းများအားလုံး ကိုယ်လက်လှုပ်ရှားဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းစည်းရုံးဆောင်ရွက်သွားကြရန်မေတ္တာရပ်ခံလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။ 
 
 
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ  သင်တန်းနည်းပြတစ်ဦးသို့ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့် ခဲ့ပါသည်။
 
ဆက်လက်၍ ၀န်ကြီးဌာနအသီးသီးမှ Physical Fitness Dance/ Exercise သင်တန်းသား/သင်တန်းသူများမှ Physical Fitness Dance/ Exercise အကများဖြင့် သရုပ်ပြသကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။
 

back to top Eng