Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ပထမအကြိမ် အာရှခြင်းလုံးအဖွဲ့ချုပ် ညီလာခံနှင့် အရှေ့တောင်အာရှ ခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်း အစည်းအဝေး ကျင်းပပြုလုပ်
နေပြည်တော်၊ နိုဝင်ဘာ (၁၅)ရက်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှခြင်းလုံးအဖွဲ့ချုပ်ညီလာခံနှင့် အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီ၌ နေပြည်တော်ရှိ ဥတ္တရသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်နှင့် ဒုတိယဥက္ကဌ၊ DATO ABDUL HALIN နှင့် အဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများမှ အိုလံပစ်ကော်မတီ အတွင်းရေးမှူးများ၊ အရှေ့တောင်အာရှနိုင်ငံများ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ အခမ််းအနားအစီအစဉ်အရ အခမ်းအနားတက်ရောက်လာကြသူများ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်မှာ အာရှခြင်းလုံးအဖွဲ့ချုပ်၏ အခန်းက@များ ပိုမို သက်ဝင်လှုပ်ရှား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရှေ့တောင်အာရှ ခြင်းလုံး အဖွဲ့ချုပ်ကို ဖွဲ့စည်းနိုင်ရေးပင် ဖြစ်ပါကြောင်း၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေဖြစ်သော မြန်မာ ခြင်းလုံးအားကစားကို အရှေ့တောင်အာရှနို်င်ငံများ၌ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိပြီး ခြင်းလုံး အားကစားကို ပိုမို စိတ်ဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကစားလာကြစေရန် ရည်ရွယ်ပါကြောင်း၊ ကုန်ကျ စရိတ်နည်းပါးပြီး အလွယ်တကူ ယှဉ်ပြိုင်ကစားရန် အကောင်းဆုံးအားကစားနည်း ဖြစ်ပါကြောင်း တက်ရောက်လာကြသော လူကြီးမင်းများမှ မြန်မာတို့၏ ရိုးရာခြင်းလုံးအားကစားနည်း ဖွံ့ဖြိုး တိုးတက်ရန် ဝိုင်းဝန်းကူညီ ဆွေးနွေးကြစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဘက်အထွေထွေအတွင်းရေးမှူးမှ ခြင်းလုံး အားကစားနည်းအကြောင်းကို ရှင်းလင်းပြောကြားပြီး နိုင်ငံတကာပြိုင်ပွဲများအား ထပ်မံထည့်သွင်းကျင်းပနိုင်ရေး ပြောကြားပါသည်။ ဆက်လက်၍ အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားနှင့် ခြင်းလုံးအားကစားနည်း ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် အာရှ ခြင်းလုံးအဖွဲ့ချုပ်ကို အဖွဲ့ဝင် (၁ဝ)နိုင်ငံဖြင့် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ခြင်းလုံးအားကစားနည်း စဉ်ဆက်မပြတ် ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ်ကို မဖြစ်မနေဖွဲ့စည်းနိုင်ရေးတွင် တက်ရောက်ကြသော အရှေ့တောင်အာရှ နိုင်ငံများ အိုလံပစ်ကော်မတီမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဌ DATO ABDUL HALIN မှ အာရှခြင်းလုံးအဖွဲ့ချုပ်၏ လှုပ်ရှားမှုများ ပြိုင်ပွဲများ ကျင်းပနိုင်မှု အခြေအနေ SEA Games ပြိုင်ပွဲများ စဉ်ဆက်မပြတ် ပါဝင်နိုင်ရေး ASIAN Games ပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော အာရှ/ အရှေ့တောင်အာရှနိုင်ငံများ အိုလံပစ်ကော်မတီ အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပါသည်။
အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ်အား အဖွဲ့ဝင်(၁၁) နိုင်ငံပါဝင်ဖွဲ့စည်းနိုင်ခဲ့ပြီး ဥက္ကဌအဖြစ် မြန်မာနိုင်ငံမှ ဦးကျော်မင်းထွန်းနှင့် အတွင်းရေးမှူး ဒေါက်တာပြည့်ဖြိုးအောင်တို့အား ခန့်အပ်ရန် သဘောတူခဲ့ကြကြောင်းသိရှိရပါသည်။
8 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display