skip to content

နေပြည်တော် ဒီဇင်ဘာ ၁၈

                   (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ လေးယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲနောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ကျင်းပရာ ထိုင်းအသင်း ရွှေတံဆိပ်ဆုရရှိပြီး မြန်မာအသင်း ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။

          မြန်မာအသင်းသည် ယမန်နေ့က ကစားသည့်ပွဲတွင် အင်ဒိုနီးရှားကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲနောက်ဆုံးနေ့တွင် ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော်လည်း သုံးပွဲကစားရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းက မလေးရှားအသင်းကို နှစ်ပွဲပြတ်၊ လာအိုအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရပြီး ထိုင်းအသင်းကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးဖြင့် ကြေးတံဆိပ်သာ ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းကို နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သောကြောင့် တတိယ ကြေးတံဆိပ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် ထိုင်းအသင်းက လေးပွဲစလုံးအနိုင်ရပြီး ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက သုံးပွဲနိုင် တစ်ပွဲရှုံးဖြင့် ငွေတံဆိပ်၊ မြန်မာအသင်းက နှစ်ပွဲနိုင် နှစ်ပွဲရှုံးဖြင့် ကြေးတံဆိပ်ရခဲ့သည်။

          ပိုက်ကျော်ခြင်းပြိုင်ပွဲအပြီးတွင် မြန်မာအသင်းက ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခုရခဲ့ပြီး ပြိုင်ပွဲအမျိုးအစား လေးမျိုးကျင်းပရာတွင် ထိုင်းအသင်းက ရွှေသုံးခု၊ မြန်မာအသင်းက ရွှေတစ်ခုရခဲ့သည်။

 

 


back to top Eng