skip to content
 
ပုဇွန်တောင် ဧပြီ (၉)
 
နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ် အားကစားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ရန်ကုန် တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ အ.ထ.က (၂) ကျောင်းခန်းမတွင် ယနေ့နံ့နက် (၁၀) နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှဦးစီး၍ စားပွဲတင် တင်းနစ် သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
 
အဆိုပါ အားကစားသင်တန်းတွင် စားပွဲတင်တင်းနစ် အားကစားနည်းကို စနစ်တကျ သင်ကြားပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ စားပွဲတင်တင်းနစ် အားကစား၀ါသနာပါသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအားနေ့စဉျ နံနက် (၁၀) နာရီမှ နေ့လယ် (၁၁) နာရီထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
 
 
#ပုဇွန်တောင် (ပြန်/ဆက်)
 

back to top Eng