ရန်ကုန် ဖေဖော်ဝါရီ ၂၆။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် နွေရာသီ အားကစားအခြေခံ သင်တန်းများ ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်မည်ဖြစ်ပြီး စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ အေရိုးဗစ်၊ ခရစ်ကတ် သင်တန်းများ ပါ၀င်မည်ဖြစ်သည်။ အဆိုပါ သင်တန်းများကို ပုဇွန်တောင်မြို့နယ် အ.ထ.က(၂)၊ အ.ထ.က(၃) နှင့် အ.ထ.က(၄)တို့တွင် (၂၀.၃.၂၀၁၉) မှ (၂၀.၄.၂၀၁၉)ထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ပုဇွန်တောင်မြို့နယ်တွင် နွေရာသီ အားကစားအခြေခံ သင်တန်းများ ဖွင့်လှစ်မည်။