skip to content

ပဲခူး စက်တင်ဘာ ၁၀ရက်။

ပဲခူးတိုင်းဒေသေကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုအရ ပဲခူးတိုင်းဒသေကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော အေရိုးဗစ်နှင့် Myanmar Fitness Dance (EIM)  နည်းပြ ဆင့်ပွား သင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီ အချိန်က တိုင်းဒသေကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒသေကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ယခုဖွင့်လှစ်ခဲ့သော သင်တန်းမှ ပို့ချလိုက်သည့် အသစ်ပြောင်းလဲလိုက်သော အေရိုးဗစ်လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများကို စနစ်တကျပြန်လည် လေ့လာဆန်းစစ်ပြီး မိမိတို့ဒေသတွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ် သင်ကြားပေးရန်၊ လူတိုင်းလူမှုဘဝ အစဉ်လှပစေဖို့ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း အနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားကို ကျောင်းသား/သူများနှင့် ပြည်သူများအကြား ပျံ့နှံ့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ရောဂါဘယများစွာ ကာကွယ်နိုင်သလို အားကစား လေ့လာလိုက်စားခြင်းဖြင့် ကုသရာလည်း ရောက်ပြီး ကောင်းကျိုးများ သက်ရောက်မှုရှိသည်ဆိုသည့် အချက်အား ပြည်သူလူထု တစ်ရပ်လုံး သိရှိနားလည်၍ လှုပ်ရှားဆောင်ရွက်လာအောင် စည်းရုံးစွမ်းဆောင်နိုင်ကသြူများဖစြ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်တို့က သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး သင်တန်းသူများက အေရိုးဗစ်နှင့် Myanmar Fitness Dance လေ့ကျင့်ခန်းများ ပြသကြသည်။

အေရိုးဗစ်နှင့် Myanmar Fitness Dance (EIM)  နည်းပြ ဆင့်ပွားသင်တန်း (၁/၂၀၁၉) အား မိမိတို့ တိုင်းဒသေကြီး အတွင်းရှိ မြို့နယ်များ၌ ပြည်သူလူထုနှင့် ကျောင်းသား/သူများအား အားကစားအသိပညာပေးလုပ်ငန်း (Exercise is Medici)များကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ အရည်အချင်း ပြည့်မီသော နည်းပများ မွေးထုတ်ပေးနိုင်ရန်၊ အားကစား အသိပညာပေးလုပ်ငန်းများအား အခြခံကျစွာနှင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ စက်တင်ဘာလ(၃) ရက်နေ့မှ(၉) ရက်နေ့အထိ ဖွင့်လှစ်ကာ ကိုယ်လက်လှုပ်ရှား Myanmar Fitness Dance တိုင်းဒသေကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပသော အေးရိုးဗစ်ပြိုင်ပွဲအတွက် ပြောင်းလဲလိုက်သည့် အကြီးတန်း ကကွက်(၄၆)ကွက်ကိုပါ သင်ကြားပေးခဲ့ပြီး ပဲခူးတိုင်းဒသေကြီး အတွင်းရှိ မြို့နယ်များမှ သင်တန်း သား/သူ(၆၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။


back to top Eng