skip to content


နေပြည်တော်၊ ဒီဇင်ဘာ (၂၁) ရက်။ 

'တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများ''အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိဝန်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅:၂ဝ)နာရီအချိန် နေပြည်တော်၊ မြို့မစျေးရှေ့တွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၈၂၂၅)ဦး တစ်ပျော်တစ်ပါးစည်ကား သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် နေပြည်တော်၊ မြို့မစျေးရှေ့၌ နံနက် (၅:၂ဝ) အချိန်တွင် စတင်တာထွက်ပြီး ပျဉ်းမနားတောင်ညိုလမ်းအတိုင်း သပြေကုန်းအဝိုင်းမှတဆင့် မဏိရတနာကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ ပန်းဝင်ကြပါသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြပါ သည်။

ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများသည် မဏိရတနာကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ ခိုင်ရေး အတွဲ (၁) (၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng