Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ပြည်ထောင်စုရာထူး၀န်အဖွဲ့မှခန့်အပ်သည့် ဦးစီးအရာရှိရာထူးနှင့် အဆင့်တူရာထူးနေရာများသို့ခန့်ထားသူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှတွေ့ဆုံလမ်းညွှန်မှုအခမ်းအနား
နေပြည်တော်၊ ဇွန်လ(၇)ရက်။
ပြည်ထောင်စုရာထူး၀န်အဖွဲ့မှ ခန့်အပ်သည့်ဦးစီးအရာရှိရာထူးနှင့် အဆင့်တူ ရာထူးနေရာများသို့ ခန့်ထားသူများအား တွေ့ဆုံလမ်းညွှန်မှု အခမ်းအနားအား ယနေ့နံနက်(၁၀) နာရီ အချိန်တွင်နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န်ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုရာထူး၀န်မှ ရွေးချယ်ပေးထားသေ ာဦးစီးအရာရှိရာထူးနှင့် အဆင့်တူအရာရှိ(၂၈)ဦး တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယ၀န်ကြီးအား ဦးစီးအရာရှိ၊ အားကစားမှူးများမှတစ်ဦးချင်းမိတ်ဆက် ဂါရ၀ပြုကြပါသည်။
ထို့နောက် ဒုတိယ၀န်ကြီးမှတက်ရောက်လာကြသောဦးစီးအရာရှိများအား ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီမိမိတို့လက်အောက်ရှိ ၀န်ထမ်းများအား အုပ်ချုပ်ကွပ်ကဲရန်နှင့် နိုင်ငံ့၀န်ထမ်းဆိုင်ရာဥပဒေများ၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ အားကစားကွင်း/ရုံများ၊ အားကစားနည်းများကို ကျွမ်းကျင်စွာပိုင်နိုင်စွာ သိရှိထားရမည်ဖြစ်ပြီး မိမိတို့တွင်ရှိသော ပင်ကိုယ်စွမ်းရည်နှင့် အရည် အချင်းများကို လက်တွေ့အသုံးချကာ မိမိတို့ ၀န်ကြီးဌာန၏ပုံရိပ်အား မြင့်တင်ပေးစေလိုကြောင်း၊ အားကစားဆိုင်ရာများနှင့် ပတ်သက်သောအကြောင်းအရာများအား အပတ်တကုတ်လေ့လာသင်ကြားပြီး ထူးချွန် ထက်မြက်သော အရာရှိများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်အမှာစကားပြောကြားရာတွင် ပြည်နယ်/တိုင်းတွင် တာ၀န်ကျသော အားကစားမှူးများအနေဖြင့်လည်း မိမိတာ၀န်ကျသည့် ဒေသတွင် အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ ရုံးချုပ်နှင့် ဌာနခွဲတွင် တာ၀န်ကျသည့် ဦးစီးအရာရှိများ အနေဖြင့်လည်း ရုံးပိုင်းဆိုင်ရာကိစ္စရပ်များအား စနစ်တကျသိရှိနားလည်အောင် လေ့လာစေလိုကြောင်း နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း သေချာလေ့လာလိုက်နာစေရန် မှာကြားခဲ့ပါ သည်။
ဆက်လက်ပြီး ဒုတိယ၀န်ကြီးမှ တက်ရောက်လာကြသော ဦးစီးအရာရှိများအား သက်ဆိုင်ရာ နယ်ပယ်ဌာနခွဲများတွင် ခန့်အပ်ထားသည့် တာ၀န်ကျခန့်အပ် အမိန့်များအား ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
72 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display