ရန်ကုန်မြို့။ ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၂၃-၁၂-၂၀၁၉) ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (ရန်ကုန်) သို့သွားရောက် ၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ကျောင်းသား/ ကျောင်းသူများ၏ ရေကူး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကရာတေး စသည့် အားကစားနည်းများ လေ့ကျင့်နေမှုများကို ရှောင်တခင် လှည့်လည်ကြည့်ရှုကာ လမ်းညွှန်စကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်စကားပြောကြားရာ၌ -
ထိုသို့ ရှောင်တခင်လှည့်လည်ကြည့်ရှုရာ၌ ပြည်ထောင်စုဝန်ကြီးအား အားကစားနှင့်ကာယပညာကျောင်း၊ ကျောင်းအုပ်ကြီးဦးစိုးအောင်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် နည်းပြများက လေ့ကျင့် သင်ကြားနေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။