Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ပြည်နယ်ဂုဏ်ဆောင် ထူးချွန်အားကစားသမားများအားဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပပြုလုပ်
ကယားပြည်နယ်၊လွိုင်ကော်မြို့ ( ၂၀၁၈ နိုဝင်ဘာ ၁၆ ) ။
ပြည်နယ်အတွင်းရှိတိုင်းရင်းသားများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကာယဉာဏစွမ်းရည်များ ပြည့်စုံထက်မြက်စေရေးအတွက် အားကစားကို ပြည်နယ်၏ အမျိုးသားရေးအသွင်ဖြင့် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အတွက် အားကစားဂုဏ်ရှိန်ကိုအမြင့်ဆုံးရောက်အောင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ပေးကြသော ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို (၁၆.၁၁.၂၀၁၈) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ထူးချွန်အားကစားသမားများအားဂုဏ်ပြု ချီမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ (ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်)၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွိုင်ကော် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် အားကစားက႑ တာဝန်ရှိသူများ၊ အားကစားပြိုင်ပွဲအလိုက် အုပ်ချုပ်သူနှင့် နည်းပြများ၊ ထူးချွန် အားကစားသမားများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)မှ အားကစားသမားများစုံလင်စွာတက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ထူးချွန်အားကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ကယားပြည်နယ်ရဲ့ အားကစားဂုဏ်ရှိန်ကို အမြင့်ဆုံးရောက်ရှိအောင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ပေးခဲ့ကြတဲ့ အားကစားသမားများကိုယခု ကြိုဆိုဂုဏ်ပြုနိုင်ခြင်းအတွက် ဂုဏ်ပြုသူ ပြည်နယ်သားများနဲ့ ဂုဏ်ပြုခံအားကစားသမားများ နှစ်ဦးနှစ်ဖက်လုံးအတွက် ဝမ်းသာပီတိဖြစ်ရကြောင်း၊ ယခုလိုအောင်မြင်မှုများရရှိလာခြင်းဟာ ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုသာမကသက်ဆိုင်ရာအားကစားနည်းအလိုက် ဆပ်ကော်မတီနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကြိုးစားပံပိုးမှု၊ အသင်းအုပ်ချုပ်သူ/နည်းပြများရဲ့ အနီးကပ်ကြပ်မတ်သင်ကြားပြသထိန်းသိမ်းမှုများနဲ့ အားကစားသမားများ၏ ဇွဲ သတ္တိများနဲ့ အားကုန်ကြိုးပမ်းအားထုတ်မှုများကြောင့် အောင်မြင်မှု အသီးအပွင့်အားခံစားရရှိခြင်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့ရဲ့ အားကစားသမိုင်းမှာမှတ်တမ်းတင်နိုင်အောင် တက်ညီလက်ညီအစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြပြီးဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကယားပြည်နယ်ရဲ့ အောင်မြင်မှုသမိုင်းကိုပိုမိုမြင့်မားစွာမှတ်တမ်းတင်သွားနိုင်မှာဖြစ်ကြောင်း၊ အားကစားက႑ အောင်မြင်ခြင်းဟာ ပြည်နယ်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေတဲ့အတွက် ပြည်နယ် အားကစားအောင်နိုင်ရေးဟာအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပုခုံးထက်မှာရှိနေတာကိုလည်းသတိပြုကြရမှာဖြစ်ကြောင်း၊ အားကစားအဖွဲ့ဝင်များအားလုံးရဲ့ ပြည်နယ်ချစ်စိတ်၊ မျိုးချစ်စိတ်တို့ကိုအရင်းတည်ပြီးဇွဲ၊ လုံးလ၊ ဝီရိယစိုက်ထုတ်ကာအစွမ်းကုန် ကြိုးပမ်းသွားခဲ့ကြပြီးအခုလိုအောင်မြင်မှုရလာအောင် စွမ်းဆောင်ပေးကြတဲ့ အားကစားသမားများရဲ့ ပြိုင်ဘက်အသင်းအပေါ် အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓာတ်၊ ကယားပြည်နယ်ရဲ့ အားကစားဂုဏ်ကိုတိုးတက်မြင့်မားအောင် ဖော်ဆောင်လိုတဲ့ စိတ်ဓာတ်၊ ကယားပြည်နယ်ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာမိမိတို့ စွမ်းအားရှိသလောက် အောင်မြင်မှုရရှိအောင် ကြိုးစားစွမ်းဆောင်ခဲ့ကြတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုတွေကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုလိုအောင်မြင်မှုရရှိခဲ့တဲ့ ကယားပြည်နယ် ဂုဏ်ဆောင် ထူးခၽွန်အားကစားသမားများအနေနဲ့ ယခုရရှိထားတဲ့ အောင်မြင်မှုကိုဆက်လက် ထိန်းသိမ်းပြီးနောင်နှစ်များမှာလည်းယခုထက်ပိုတဲ့ အောင်မြင်မှုများနဲ့ ကယားပြည်နယ်ရဲ့ ဂုဏ်သိက္ခာကို ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြဖို့၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်သာမက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်လည်း ပြည်နယ်ဂုဏ်ဆောင်နိုင်တဲ့ အားကစားသမားများအဖြစ် ကြိုးစားစွမ်းဆောင်ပေးကြဖို့ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကယားပြည်နယ်ဂုဏ်ဆောင် တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျုဒို၊ အသက်(၂၂)နှစ် အောက်ဘောလုံး ပြိုင်ပွဲ၊ အသက်(၁၇)နှစ်အောက်ဘောလုံးပြိုင်ပွဲ၊ ခရစ် ကက်စသော ပြိုင်ပွဲဝင် အားကစားသမားများအားဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကိုအားကစားသမားတစ်ဦးချင်းအလိုက် ပေးအပ်ချီးမြှင့်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကအသီးသီးပေးအပ် ချီးမြှင့်ကြပါသည်။ ၄င်းနောက် ဆုရအားကစားသမားများကိုယ်စားအသက် (၁၇)နှစ်အောက် ဘောလုံးအုပ်ချုပ်သူဦးစောသစ်စာ မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ အားကစားနည်းအလိုက် အားကစားသမားများနှင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး (၁၀:၃၀)နာရီအချိန်တွင် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် အသက်(၂၂)နှစ်အောက် ဘောလုံးအသင်း၊ အသက် (၁၇)နှစ်အောက် ဘောလုံးအသင်း၊ တိုက်ကွန်ဒို၊ ကာရာတေးဒို၊ ခရစ်ကတ်၊ ဂျူဒို၊ ဘောလီဘော၊ ပြေးခုန်ပြစ်၊ လက်ဝှေ့ စသည်တို့မှ ပြည်နယ်ဂုဏ်ဆောင် အားကစားသမားစုစုပေါင်း(၂၆၈)ဦးတို့ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရှင်အားငွေကျပ် (၁)သိန်း၊ ငွေတံဆိပ်ဆုရှင်အားငွေကျပ်(၇)သောင်း၊ ကြေးတံဆိပ်ဆုရှင်အားငွေကျပ်(၅)သောင်း၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြတစ်ဦးစီအတွက် ငွေကျပ်(၃) သောင်းနှုန်းဖြင့်လည်းကောင်း၊ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရှင်အားငွေကျပ်(၃)သောင်း၊ ငွေတံဆိပ်ဆုရှင်အားငွေကျပ်(၂)သောင်း၊ ကြေးတံဆိပ်ဆုရှင်အားငွေကျပ်(၁) သောင်း၊ အသင်းအုပ်ချုပ်သူနှင့်နည်းပြတစ်ဦးစီအားငွေကျပ်(၂)သောင်းနှုန်းဖြင့်လည်းကောင်း ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခဲ့ရာ စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၉၀)သိန်းကျော် ဖြစ်ကြောင်းတတင်းရရှိပါသည်။
34 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display