Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ "Coordination Meeting For Exercise Medicine in Prison" ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊သြဂုတ်(၁)ရက်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ "Coordination Meeting For Exercise Medicine in Prison" ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင်ရုံးအမှတ် (၄)အစည်းအေ၀းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်း၀န် ဒေါက်သာထွန်းကျော်၊ ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးစိုးဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာ၀န်ရှိသူများတက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန သည် တစ်နိုင်ငံလုံးရှိ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးရည်မှန်းချက်ထား ဆောင်ရွက်နေပါကြောင်းနှင့် ယခု လည်း နိုင်ငံတစ်ဝှမ်းရှိ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေသူများ အကျဉ်းထောင်အတွင်း ကျန်းမာ ကြံ့ခိုင်စွာ ဘ၀ကိုဖြတ်သန်းနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်း ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါကြောင်း၊ နိုင်ငံတကာရှိ အကျဉ်းသားများသည် ဥပဒေပြဌာန်းရာတွင် အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်ပေးရန် ထည့် သွင်းရေးဆွဲတာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံတစ်၀ှမ်းရှိ အကျဉ်းသားများ ကိုယ်ကျန်းမာစိတ် ကျန်းမာ ကြံ့ခိုင်ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက်ဘာတွေပြုလုပ်သင့်သည် စိတ်ကျန်းမာရေးတွင် ဘာတွေပြုလုပ်သင့်သည်ကို ယခု အစည်းအဝေးတက်ရောက်လာသူများ ဝိုင်း၀န်းပူးပေါင်းဆွေးနွေးအကြံပြုပေးရန် လိုအပ်ကြောင်း ပြော ကြားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဌေးအောင်မှ တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေးတွင်
Exercise is Medicine ဆွေးနွေးပွဲကျင်းပပြီး ထွက်ရှိလာသော ရလဒ်အဖြစ် "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" ဆောင်ပုဒ်အညီ နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုလမ်း ညွှန်ချက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေ ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေးတွင် မိမိတို့ ဦးစီးဌာနအနေနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း Physical Fitness Dance အစီအစဉ်များကို အကျဉ်းဦးစီးဌာနရှိ၀န်ထမ်းများကို သင်တန်းပို့ချပေးပြီး ၀န်ထမ်းများမှ အကျဉ်းသားများအား ပြန်လည် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် စီစဉ်ပေးနိုင်ပါကြောင်း ပြောကြားပါသည်။
အကျဉ်းဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးမှ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများ လက်ရှိအကျဉ်းဦးစီးဌာနအနေနှင့် အကျဉ်းသားများ ရည်မှန်းချက်ကို ပြုစုပျိုးထောင်ပေးရေး လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ကုသရေးဦးစီးဌာန ကုတင် (၁၀၀၀) နေပြည်တော်ဆေးရုံကြီးမှ ပါမောက္ခ ီမ. တင့် တင့်ကြည်မှ ပြည်သူများကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေး၊ ကုသရေးထက် ကာကွယ်ရေးက ပိုမို ကောင်းမွန်ပြီး ကာကွယ်ရေးလုပ်ငန်းများတွင် ကိုယ်လက်လှုပ်ရှားပြုခြင်းသည် ပို၍ကောင်းမွန်ပါကြောင်း နှင့် လေ့ကျင့်ခန်းပြုလုပ်ရာတွင် အသက်အရွယ်လိုက်သော်လည်းကောင်း၊ ရောဂါလိုက်သော်လည်းကောင်း၊ ပြုလုပ်ရမည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်း၀န် ဒေါက်တာသာထွန်းကျော်မှ အကြံပြုစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေနှင့် အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများတွင်ရရှိသည့်နေရာ၊ ရရှိသည့်အချိန်တွင် နေရာကျဉ်းကျဉ်းပြုလုပ် နိုင်ရန် လေ့ကျင့်ခန်းအစီအစဉ်များအားလည်းကောင်း၊ အထောက်အကူပြုအားကစားပစ္စည်းများအား လည်းကောင်း၊ ထောက်ပံ့ပေးနိုင်ရန်နှင့် အကျဉ်းသားများ အကျဉ်းထောင်အတွင်း ဘ၀ကိုကျန်းမာကြံ့ ခိုင်စွာ ဖြတ်သန်းနိုင် ရေးအတွက် ကျန်းမာရေးဗဟုသုတများဟောပြောပေးခြင်းများ ပြုလုပ်နိုင်ရေး ဘာ သာရေးဖြင့် အကျဉ်းသားများ၏စိတ်ကို ကြံ့ခိုင်ကောင်းမွန်စောင့်ရှောက်ပေးနိုင်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း၊ အကျဉ်းဦးစီးဌာနအနေနှင့် အကျဉ်းသားများ လိုအပ်သည့် အားကစား အထောက်အကူပြု ပစ္စည်းများကို လုံခြုံရေးရှုထောက်ဖြင့် စနစ်တကျ စီစစ်ရွေးချယ်ပြီး တင်ပြတောင်းခံ သင့်ပါကြောင်း အကြံပြုဆွေးနွေးပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပေးအပ်နိုင်ရေး အားကစားသင်တန်းများ အားကစားအထောက်အ ကူပြုပစ္စည်းများကို ရှင်းလင်းပြောကြားပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်စိုးမှ အကျဉ်းဦးစီးဌာ နရှိ အကျဉ်းသားများနှင့် ပတ်သက်၍ နေ့စဉ်လှုပ်ရှားမှုလုံခြုံရေးကိစ္စရပ်များနှင့် လုပ်ဆောင်ရန် သင့်တော် သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အကြံပြုဆွေးနွေးပါသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံအတွင်းရှိ အကျဉ်း သားများ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လုံခြုံရေးအရ အထူးဂရုပြုဆောင်ရွက်မည့် လုပ်ငန်းဖြစ် ပါကြောင်း၊သီးခြားအကျဉ်းသားများကျန်းမာရေးစောင့်ရှောက်မှုခေါင်းစဉ်ဖြင့် ှနာငညမေ ဆွေးနွေးပွဲတစ်ခု ကျင်းပသင့်ပါကြောင်း၊ နိုင်ငံတကာမှ လုပ်ထုံးလုပ်နည်းများ လေ့လာအကြံပြုဆွေးနွေးသင့်ပါကြောင်း၊ အစည်းအေ၀းမှ ရရှိလာသော ရလဒ်အရ စီမံချက်ရေးဆွဲအကောင်အထည်ဖော်သင့်ပါကြောင်း၊ လုပ်ငန်း အောင်မြင်ရေးတွင် တက်ရောက်လာကြသူများသည် ဦးစီးဌာနအားလုံးမှ အတူတကွ ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
69 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display