skip to content
ရန်ကုန်  မတ်  ၂ဝ
 
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့်  (၁ဝ)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌  အားကစားနည်း ၁၃ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အားကစားနည်းအားလုံးတွင်  ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးပီတာ၏ပြောကြားချက်အရ သိရသည်။
 
မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်အနေဖြင့် ၁၉၈၄ ခုနှစ်က အမေရိကန်၌ပြုလုပ်သည့်  နိုင်ငံတကာမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့်  ကြေးတံဆိပ်နှစ်ခုရရှိခဲ့သည်။
 
အလားတူ အာရှမသန်စွမ်းအားကစားပြိုင်ပွဲများဖြစ်သည့်  ၁၉၇၅ ခုနှစ် ဂျပန်နိုင်ငံပြိုင်ပွဲ၌ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်တစ်ခု၊ ၁၉၇၈ ခုနှစ် သြစတြေးလျပြိုင်ပွဲ၌  ရွှေတံဆိပ်  ၁၆ ခု၊ ငွေတံဆိပ် ၁၅ ခု၊ ကြေးတံဆိပ်တစ်ခု၊ ၁၉၈၂ ခုနှစ် ဟောင်ကောင်ပြိုင်ပွဲ၌  ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်လေးခု၊ ၁၉၈၉ ခုနှစ် ဂျပန်နိုင်ငံပြိုင်ပွဲ၌ ရွှေတံဆိပ်ရှစ်ခု၊  ငွေတံဆိပ်ကိုးခု၊ ကြေးတံဆိပ် ၁ဝ ခု၊ ၁၉၉၄ခုနှစ် တရုတ်နိုင်ငံပြိုင်ပွဲ၌ ရွှေတံဆိပ်လေးခု၊   ငွေတံဆိပ်ခုနစ်ခု၊ ကြေးတံဆိပ် ၁၄ ခု၊ ၁၉၉၉  ခုနှစ် ထိုင်းနိုင်ငံပြိုင်ပွဲ၌ ရွှေတံဆိပ်ခုနစ်ခု၊ ငွေတံဆိပ် ၁၆ ခု၊ ကြေးတံဆိပ် ၁၈ ခု၊ ၂ဝဝ၂ ခုနှစ် တောင်ကိုရီးယားနိုင်ငံပြိုင်ပွဲ၌ ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေးတံဆိပ်လေးခု၊ ၂ဝဝ၆ ခုနှစ် မလေးရှားပြိုင်ပွဲ၌ ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ခြောက်ခု၊ ၂ဝ၁ဝ ပြည့်နှစ် တရုတ်နိုင်ငံပြိုင်ပွဲ၌  ကြေးတံဆိပ်တစ်ခု၊ ၂ဝ၁၄ ခုနှစ် တောင်ကိုရီးယားနိုင်ငံပြိုင်ပွဲ၌  ရွှေတံဆိပ်တစ်ခု၊  ကြေးတံဆိပ်ခြောက်ခုနှင့် ၂ဝ၁၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံပြိုင်ပွဲ၌ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်နှစ်ခုရရှိခဲ့ကြောင်း သိရသည်။
 
ထို့ပြင် ၂ဝဝ၁ ခုနှစ် မလေးရှားနိုင်ငံ၌ပြုလုပ်သည့် ပထမအကြိမ် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်  ၄၃ ခု၊ ငွေ တံဆိပ် ၂၃ ခု၊ ကြေးတံဆိပ် ၁၁ ခု၊ ၂ဝဝ၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၌  ပြုလုပ်သည့် ဒုတိယအကြိမ် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၁ ခု၊ ၂ဝဝ၅ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ပြုလုပ်သည့်  တတိယအကြိမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်၂၉ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေးတံဆိပ်လေးခု၊ ၂ဝဝ၈ ခုနှစ်  ထိုင်းနိုင်ငံ၌ပြုလုပ်သည့်  စတုတ္ထအကြိမ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ်၁၆ ခု၊ ကြေးတံဆိပ် ၂၁ ခု၊ ၂ဝဝ၉ ခုနှစ်မလေးရှား နိုင်ငံ၌ ပြုလုပ်သည့် ပဉ္စမအကြိမ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄  ခု၊ ငွေတံဆိပ်  ၁၉ ခု၊  ကြေးတံဆိပ်ခုနစ်ခု၊ ၂ဝ၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ပြုလုပ်သည့် ဆဋ္ဌမအကြိမ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ်ကိုးခု၊  ကြေးတံဆိပ် ၁၄ ခု၊ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ၌ပြုလုပ်သည့် သတ္တမအကြိမ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၄ ခု၊ ငွေတံဆိပ်၂၆ ခု၊ ကြေးတံဆိပ် ၃၆ ခု၊ ၂ဝ၁၅ ခုနှစ် စင်ကာပူနိုင်ငံ၌ပြုလုပ်သည့်  အဋ္ဌမအကြိမ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခု၊ ငွေ တံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၂၉ ခုနှင့် ၂ဝ၁၇ ခုနှစ် မလေးရှားနိုင်ငံ၌ပြုလုပ်သည့် နဝမအကြိမ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၅ ခုနှင့် ကြေးတံဆိပ် ၁၇ ခု ရရှိထားကြောင်း သိရသည်။

back to top Eng