skip to content

၁၄ ဒီဇင်ဘာ

၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပရာ ဇယားထိပ်ပိုင်းမှ အသင်းကြီးများ နိုင်ပွဲဆက်ခဲ့သည်။

ပွဲစဉ် (၆) တွင် လက်ရှိချန်ပီယံ MIU အသင်းက Dream Team အသင်းကို ရှစ်ဂိုး-တစ်ဂိုး၊ VUC အသင်းက AMM Brothers အသင်းကို ၁၄ ဂိုး-ဂိုးမရှိ၊ GV အသင်းက လက်ဝဲသုန္ဒရအသင်းကို ၁၂ ဂိုး-တစ်ဂိုး၊ MFF ယူ-၁၉ အသင်းက Do Do Ko Ko အသင်းကို ငါးဂိုး-နှစ်ဂိုး၊ Winner အသင်းက မြို့မ JY အသင်းကို လေးဂိုး-နှစ်ဂိုး၊ On Doctor အသင်းက ဖူဆယ်ချစ်သူအသင်းကို ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၆) အပြီးတွင် လက်ရှိချန်ပီယံ MIU အသင်း၊ VUC အသင်းနှင့် GV အသင်းတို့မှာ ခြောက်ပွဲစလုံး အနိုင်ရကာ ၁၈ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး VUC အသင်းက ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိသည်။

ပွဲစဉ် (၇) ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း


back to top Eng