skip to content

မန္တလေး ၁၄ ဖေဖော်ဝါရီ။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အမျိုးသမီး (အလွတ်တန်း) ဖူဆယ်ဖလား ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့တွင် ဖေဖော်ဝါနေ့ ၁၃ နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲကို မဟာအောင်မြေဘောလုံးအဖွဲ့ချုပ်နှင့်Royal Lucky home company တို့ပူးပေါင်းကျင်းပသည့် ပထမဆုံး အမျိုးသမီး ဖူဆယ်ဖလား ဘောလုံးပြိုင်ပွဲ ဖြစ်သည်။

"ဘောလုံးလောက တိုးတက်ဖို့အတွက် ၊ မန္တလေးမှာ ဖလားပေါင်းစုံ ဖလားပွဲ ၂၀ လောက်ကျင်းပပြီးပါပြီ။ အမျိသမီးပွဲကတော့ အခုပြိုင်ပွဲက ပထမဆုံးပါ။ ရှေ့ဆက်ပြီးလည်း ဘောလုံးပြိုင်ပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်'' ဟု မဟာအောင်မြေဘောလုံးဘအဖွဲ့ချုပ် ဥက္ကဌ ဒေါ်သီတာစမ်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမျိုးသမီးဖူဆယ်ဖလား ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း(၉) သင်း ပတ်လည် ကန်မည်ဖြစ်ပြီး ယခုလ ၂၀ ရက်တွင် ဖိုင်နယ်ပွဲ ကစားရမည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်များ ၊ မြို့နယ်လက်ရွေးစင်၊ တိုင်းလက်ရွေးစင်များ ၊ ပြင်ဦးလွင်အမျိုးသမီးအသင်းနှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသူများ အသင်းများလည်း ပါဝင်ကြောင်း သိရသည်။

crd to: mdn.gov

 


back to top Eng