skip to content

 
 

မကွေး သြဂုတ် ၂၈
 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် “ Exercise is Medicine ” ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ် ဆောင်ရွက်ရန် လုပ်ငန်းအကြိုညှိနှိုင်း အစည်းအဝေးကို ယမန် နေ့ မွန်းလွဲ ၃ နာရီက မကွေးမြို့ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး တက်ရောက် အမှာစကားပြောကြားသည်။
 
ညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး “ Exercise is Medicine ” ကို မကွေးတိုင်း ဒေသကြီးမှာ လှုပ်ရှားဆောင်ရွက်ခွင့် ရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ယနေ့ကမ္ဘာကြီးမှာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ လူတို့၏ နေထိုင်မှု ပုံစံမှာလည်း ကွန်ပျူ တာများ၊ မိုဘိုင်များ၊ ဗွီဒီယိုဂိမ်းများ အစရှိသည့် နည်းပညာ ပစ္စည်းများနှင့်သာ အချိန်ကုန်ခြင်း၊ အထိုင်များခြင်းကြောင့် ကိုယ် လက်လှုပ်ရှားမှု နည်းပါးလာတာကိုတွေ့ရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် လူတိုင်းလူတိုင်း ကိုယ်လက် လှုပ်ရှားမှုကို တစ်ပတ်လျှင် အနည်းဆုံးမိနစ်(၁၅၀)ပြုလုပ် သင့်ကြောင်း၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ ဆေးတစ်ပါးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာနကို ကြီးကြပ်ကွပ်ကဲစေပြီး Physical Fitness Dance သင်တန်းတက်ရောက်ခဲ့ကြသော အားကစားမှူးများ၊ နည်းစနစ်မှူးများ၊ ပညာရေးဌာနမှ ကာယဆရာ၊ ဆရာမများဖြင့် တိုင်းဒေသကြီးအတွင်း မှာရှိသော တက္ကသိုလ်အသီးသီး၊ ပညာရေးကောလိပ်၊ စက်မှုသင်တန်းကျောင်းနှင့် အခြေခံပညာအထက် တန်းကျောင်းများမှာ“ Exercise is Medicine ” ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အတွက် ယခုအစီအစဉ်မှာ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ တစ်ရပ်လုံးက ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရာတွင် ပိုမိုစိတ်ဝင်စားပြီး တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်စေ လိုကြောင်း ပြောကြားသည်။

 

 

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးထွန်းမြင့်ဦးနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးတို့က နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အေးအေးရွှေက မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ရှေ့လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများ ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။
 
နိုင်ငံတော်၏မျှော်မှန်းချက်ဖြစ်သော “ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ” အတွက် အားကစားဆိုင်ရာ မူဝါဒများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး “ Exercise is Medicine ” ကို မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ အပါအဝင် ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့် လှုပ်ရှားဆောင်ရွက်မှုတစ်ရပ်ကို ယနေ့ နံနက် ၆ နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 
သန်းနိုင်ဦး(ငဖဲ)

back to top Eng