skip to content

 

မန္တလေး ၂၁ သြဂုတ်


၂၀၁၈-၂၀၁၉ ပညာသင်နှစ် မန္တလေးတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ ၃ နာရီက မန္တလေးတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံသစ်၌ ကျင်းပရာ ဘူမိဗေဒဘာသာရပ်အသင်းက နိုင်ငံတကာဆက်ဆံရေး ပညာအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။


ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ တတိယဆုရ သတ္တဗေဒ(ခ)အသင်း၊ ဒုတိယဆုရ နိုင်ငံတကာဆက်ဆံရေး ပညာဌာနအသင်းနှင့် ပထမဆုရ ဘူမိဗေဒဌာနအသင်းတို့မှ အားကစားသမားများကို တစ်ဦးချင်း ဆုတံဆိပ်များကို တာဝန်ရှိသူများက ဆုချီးမြှင့်ကြသည်။


ထို့နောက် ပထမဗိုလ်စွဲသည့် ဘူမိဗေဒဘာသာရပ်အသင်းအား ပထမတံခွန်စိုက်ဆုဖလားကြီးကို မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


တင်မောင်မန်းကိုယ်ပွား


back to top Eng