skip to content
 
မိုးကောင်း ဒီဇင်ဘာ (၂၇)
 
မိုးကောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံကျောင်းပေါင်းစုံ အသက်(၁၆)နှစ် အောက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ(၃)နာရီတွင် ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမြင့်အောင်၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်နှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ် အား/ကာမှူး ဦးဇော်မင်းလေး၊ ဘောလုံးပွဲဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
 
 
 
အဆိုပါပြိုင်ပွဲ၌ အ.ထ.က(၂)အသင်းက အ.ထ.ကနမ်မတီးအသင်းကို ပင်နယ်တီ (၃)ဂိုး (၂)ဂိုးဖြင့်အနိုင်ရရှိပြီး တက်ရောက်လာသူတာဝန်ရှိသူတို့က ပထမဆုဖလား၊ ပထမဆုငွေသား၊ ဒုတိယဆု ငွေသား၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆုနှင့် ဂိုးအကောင်းဆုံးဆုတို့ ကို အသီးသီးချီးမြှင့်ကြကြောင်း သိရသည်။
 
သန်းလွင်ဦး (ပြန်/ဆက်)

back to top Eng