Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည်ဖွဲ့စည်းရေးနှင့်(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇူလိုင်လ(၁)ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် (၃၀)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း အထူးတန်းပွဲကြည့်စင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် တက်ရောက်အမှာစကား ပြောကြားပါသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်နှင့်အတူ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်း၀န် ဦးမြသန်းထိုက်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း နှင့် ဦးကျော်ဦး၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန (၀န်ကြီးရုံး)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ကြပါသည်။
ထို့နောက် ဒုတိယ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပမည့် အစည်းအဝေးတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုရရှိရေးအတွက် အဓိကထား ဆွေးနွေးသွားမည် ဖြစ်ပါ ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသူများမှ ဝိုင်း၀န်းအကြံပြုဆွေးနွေးတင်ပြကြ စေလိုကြောင်း၊ မကြာမီကာလမှ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် International Olympic Council(IOC) ညီလာခံတက်ရောက်ခဲ့ပြီး International Olympic Council မှ တာ၀န်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့အားကစားဆိုင်ရာ ဥပဒေမူကြမ်းကိစ္စရပ်များ၊ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြီး အကြံဉာဏ် များ ရယူခဲ့ပါကြောင်း၊ SEA GAMES အောင်နိုင်ရေးအတွက် အဖွဲ့ချုပ်အားလုံးလေ့ကျင့်ပြင်ဆင်မှုများကို အမှန်အတိုင်းစီစစ်တင်ပြစေလိုကြောင်း၊ အားကစားအဖွဲ့များသို့ ငှါးရမ်းထားသော အားကစားကွင်း/ ရုံများအား အဖွဲ့ချုပ်အသီးသီးမှ အသုံးပြုနေမှုအခြေအနေများအား ဦးစီးဌာနမှ သိရှိရန်လိုအပ်ကြောင်း၊ အားကစားအဖွဲ့ချုပ်အသီးသီးမှ မိမိတို့ အားကစားနည်းအလိုက် အောင်မြင်မှုရရှိရေးအတွက် IOC ၊ အာရှအားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သော အခွင့်အရေးများကို အသုံးချ၍ ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ ဥပမာ ကြက်တောင်အားကစား အဖွဲ့ချုပ်ကဲ့သို့ အာရှကြက်တောင်အားကစား အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ သက်ထားသူဇာအား နိုင်ငံတကာ ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်စေပြီး ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်နိုင်ရေးအား ကြိုးစားနေပါကြောင်း၊ ထိုကဲ့သို့ အခြားအားကစား အဖွဲ့ချုပ်များလည်း ကြိုးစားဆက်သွယ်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ဌာနမှလည်း အားကစားနည်း အလိုက် ထူးချွန်ထက်မြက်သည့် နည်းပြများအား စီစစ်ရွေးချယ်၍ နိုင်ငံတကာအားကစားနည်းအလိုက် Level အလိုက် သင်တန်းများစေလွှတ်သင်ကြားနိုင်ရေး စီစဉ် ဆောင်ရွက်စေလိုကြောင်း ပြောကြား ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး 30rd SEA GAMES ပြိုင်ပွဲသို့ ပါ၀င်ယှဉ်ပြိုင်ရန် လျာထားသော ပထမဦးစားပေး အားကစားနည်း(၁၆)နည်း၊ ဒုတိယဦးစားပေးမဖြစ်မနေပါ၀င်ယှဉ်ပြိုင်ရမည့် အိုလံပစ်အားကစားနည်း ဖြစ်သည့် ပြေးခုန်ပစ်နှင့် ရေကူးအားကစားနည်း၊ တတိယဦးစားပေးအဖြစ် အရံ အားကစားနည်း(၁၁)နည်းတို့အားလည်းကောင်း၊G to G အစီအစဉ်ဖြင့် တရုတ်နိုင်ငံနှင့်နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်ပေးမည့် ရက်ပေါင်း(၆၀)အားကစားသမား ဦးရေ(၁၃၀)အတွက် ရွေးချယ်စေလွှတ်ပေးနိုင်ရေး အားကစားနည်းအလိုက် စာရင်းကို တင်ပြပါသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှှူး ဦးခွန်ဂျာအောင်မှ နှစ်နိုင်ငံပူးတွဲလေ့ကျင့်မည့် အားကစားနည်းများ ရွေးချယ်စေလွှတ်ပေးနိုင်ရေး အထောက်အကူပြုစေရန် အားကစားနည်းအလိုက် လက်ရှိလေ့ကျင့်မှုအခြေအနေ၊ အောင်မြင်မှုရရှိနိုင်ခြင်းရှိ/မရှိ အခြေအနေများကိုလည်း ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ ဆီးဂိမ်း ပြိုင်ပွဲပါ၀င်ယှဉ်ပြိုင်နိုင်ရေးအတွက် အဖွဲ့ချုပ်များမှ ကြီးကြပ်၍ ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်လျှက်ရှိသော အားကစားနည်းအလိုက် အားကစားသမားအင်အား နည်းပြများ၊ အုပ်ချုပ်သူများ အခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တရုတ်နိုင်ငံနှင့် ပူးတွဲသွားရောက်လေ့ကျင့်ရန် စေလွှတ်သင့်သည့် အားကစားနည်းများအားလည်းကောင်း၊ ဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေး အားကစားနည်းအလိုက် စေလွှတ်ရွေးချယ်နိုင်ရေးတွက်လေ့ကျင့်ပြင်ဆင်မှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ဒုတိယ၀န်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်း၀န်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ အိုလံပစ်ကော်မတီဖွဲ့စည်းရေး၊ ဆီးဂိမ်းတွင် မြန်မာအားကစား အောင်နိုင်ရေး ကိစ္စရပ် များအား ဝိုင်း၀န်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အိုလံပစ်ကော်မတီ ဖွဲ့စည်းရာတွင် အိုလံပစ်အားကစားနည်းမှ အားကစားအဖွဲ့ချုပ် ဥက္ကဌများအား ပါ၀င်ဖွဲ့စည်းနိုင်ရေး၊ ကျန်အားကစားအဖွဲ့ချုပ် ဥက္ကဌနှင့် ဒေသဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ၀န်ကြီးချုပ်များအား အိုလံပစ်ကော်မတီ၏Association အဖြစ် ပါ၀င်နိုင်ရေး၊ နိုင်ငံအလိုက် ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအား ရွေးချယ်ရာတွင်လည်းကောင်း၊ နှစ်နိုင်ငံပူးတွဲ သွားရောက် လေ့ကျင့်ရာတွင်လည်းကောင်း၊ ရွေးချယ်ရာတွင် အားကစားနည်းဘယ်လိုမူဝါဒ၊ ဘယ်လိုစံနှုန်းဖြင့် ရွေးချယ်သည်ကို အားကစားနည်းအလိုက် မူဝါဒရေးဆွဲတင်ပြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

2 reads
back to top
Share this!
Eng