Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့များအားလမ်းညွှန်အမှာစကားပြောကြား
နေပြည်တော်၊သြဂုတ်(၂၃)ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့များ အားတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအ မှတ်(၃၁) အစည်းအေ၀းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာ ရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာ၀န်ရှိသုူများ၊ (ပြေးခုန်ပစ်၊ စက်ဘီး၊ ဂျူဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်)အားကစားနည်းများမှ တာ၀န်ရှိသူများနှင့် နည်းပြများတက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါမည့် ဦးစိုးအောင်မှ ရှင်းလင်းတင်ပြရာတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၇)ရက်နေ့မှ စက်တင် ဘာလ(၂)ရက်နေ့အထိ သွားရောက် ယှဉ်ပြိုင်ရာတွင် အုပ်ချုပ်သူ(၈)ဦး၊ အားကစားသမား(၁၄)ဦး စုစု ပေါင်း(၂၂)ဦးသွားရောက်မည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးပိုင်းများတွင်လည်း သက်ဆိုင်ရာအားကစား အဖွဲ့ ချုပ်များမှ တာ၀န်ယူလေ့ကျင့် လျက်ရှိကြောင်း၊ တည်းခိုနေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ လူငယ်ကမ္ဘာ့မြို့တော်ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအပြီး လူငယ်အချင်းချင်းချစ်ကြည်မှုပူးပေါင်းပြီး နိုင်ငံအလိုက်ယဉ်ကျေးမှုဖလှယ်မည့် အစီအစဉ်များပါရှိမည်ဖြစ် ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၇)ရက်နေ့မှ စက်တင်ဘာလ(၂) ရက်နေ့အထိသွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံစားပွဲတင်တငး်နစ်အဖွဲ့ချုပ် နည်းပြ ဒေါ်ပပ၀င်းမှ ရှင်း လင်းတင်ပြရာတွင် အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦး၊ အားကစားသမား(၆)ဦးသွားရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် နည်းပြ ဦးမောင်မောင်မှ အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦး၊ အားကစားသမား(၆)ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ တည်းခိုနေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊
ဆက်လက်၍ ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၇)ရက်နေ့မှ စက်တင်ဘာလ(၂) ရက်နေ့အထိသွားရောက်မည့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်၊ ကြက်တောင်အားကစား နည်းတို့တွင် အုပ်ချုပ်သူ၊နည်းပြအဖြစ်လိုက်ပါမည့် ဦးမြတ်ဦးမှ ရှင်းလင်းတင်ပြရာတွင် အုပ်ချုပ်သူ(၁)ဦး၊ အားကစားသမား (၁)ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုပြိုင်ပွဲသည်နိုင်ငံအလိုက်မြို့တော်၀န်ပြိုင်ပွဲ ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်၊ စားပွဲတင်တင်းနစ်အားကစားနည်းတွင် အုပ်ချုပ်သူ၊နည်းပြအဖြစ်လိုက်ပါမည့် ဦးထွန်းနိုင်ဦးမှ ရှင်းလင်းတင်ပြရာတွင် အုပ်ချုပ်သူ(၁)ဦး၊ နညး်ပြ (၁)ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊
ဆက်လက်၍ ဂျပန်နိုင်ငံ၊ စတုဂရှိမမြို့တွင် ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၆)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ရန်သွားရောက်မည့် ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ်မှ အုပ်ချုပ်သူ၊နည်းပြ ဒေါ်ခင်ခင်ထွေးမှ ရှင်းလင်းတင်ပြရာတွင် အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦး၊ အားကစား သမား(၄)ဦး သွားရောက်မည်ဖြစ်ကြောင်းနှင့် ဂျူဒိုအားကစားအဖွဲ့အုပ်ချုပ်သူ၊ နည်းပြ ဦးဥာဏ်စိုးမှ အုပ်ချုပ်သူ(၁)ဦး၊ အားကစားသမား(၅)ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်၍ အခြေအနေများ၊ တည်းခိုနေ ထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အုပ်ချုပ်သူ၊ နည်းပြအဖြစ်လိုက်ပါမည့် ဒေါ်မို့ မို့ဟိန်းကိုကိုမှ ရှင်းလငး်တင်ပြရာတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၅)ရက် နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ စက်ဘီးအားကစားနည်းပူးတွဲလေ့ကျင့်မှုပြုလုပ်ရန်အတွက် အုပ်ချုပ် သူ (၁)ဦး၊ ကစားသမား (၂)ဦး သွားရောက်မည်ဖြစ်ကြောင်းနှင့် မိမိမှာ ့ဃှု- ူနလနူ(၁) ညေိ ူနလနူ(၂) တက်ရောက်မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ ယခုပြည်ပသို့သွားရောက်မည့် အားကစားအဖွဲ့ ချုပ်များမှ နည်းပြနှင့် အုပ်ချုပ်သူများအား လမ်းညွှန်အမှာစကားပြောကြားရာတွင် သွားရောက်မည့်အား ကစားအဖွဲ့များမှ အဖွဲ့လိုက်ပြိုင်ပွဲကျင်းပမှုမှတ်တမ်း၊ ယှဉ်ပြိုင်မှုမှတ်တမ်းများ၊ ဗွီဒီယိုမှတ်တမ်းများဖြင့် ပြုစုပြီး၀န်ကြီးဌာနသို့ ပြန်လည်တင်ပြရန်စီစဉ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အစီရင်ခံစာတင်ပြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အားကစားပုံရိပ်ကို နိုင်ငံတကာအလယ်တွင် မြှင့်တင်နိုင်ရန်လိုအပ်ကြောင်း၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှလည်း စခန်းသွင်း လေ့ကျင့်နေမှုများကို ဓါတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းများဖြင့် မှတ်တမ်းတင်ပြီး တင်ပြရန်လိုအပ်ကြောင်း၊ အားက စားသမားများအနေဖြင့် သွားရောက်လေ့ကျင့်သည့် အခါတွင် ၀တ်စားဆင်ယင်မှုပိုင်း၊ အနေအထိုင်၊ အသွားအလာပိုင်းများကို သတိထား၍မိမိတို့နိုင်ငံ ဂုဏ် တင့်တယ်အောင် သေသပ်စွာ ၀တ်ဆင်စေလိုကြောင်း၊ အတွေ့အကြုံကောင်းများရရှိမည်ဟု ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
1 read
back to top
Share this!
Eng
Javascript must be enabled for the correct page display