skip to content

ရန်ကုန်၊ ဇူလိုင်လ (၂)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ရေး ကြီးကြပ်မှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်နှင့် အဖွဲ့ဝင်များအား (၁-၇-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တာမွေမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ရေး ကြီးကြပ်မှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်က မြန်မာနိုင်ငံရှိ အားကစားအဖွဲ့ချုပ်ပေါင်း (၄၄) ဖွဲ့အား အလုပ်အမှုဆောင် များ ပြန်လည်ရွေးချယ်တင်မြှောက်ဖွဲ့စည်းခြင်းများဆောင်ရွက်လျက်ရှိရာ (၂၈-၆-၂၀၁၈) ရက်နေ့တွင် သေနတ်ပစ်အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

ယခုဇူလိုင်လအတွင်း ခြင်းလုံးအားကစား၊ မြင်းစီးအားကစားနှင့် ရေကူးအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့်အခြား အားကစားအဖွဲ့ချုပ်အလုပ်​အမှု​ဆောင်​များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်းတို့ကို ဆောင်ရွက်သွားမည့် အစီအစဉ်စီမံချက်နှင့်အတူ ရှင်းလင်းတင်ပြခဲ့ပါသည်

ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစား တိုးတက်အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အားကစားအဖွဲ့ချုပ်အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ခြင်းလုပ်ငန်းများအပါအဝင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားပေးထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်​အလုပ်​အမှု​ဆောင်​များ ​ရွေးချယ်​တင်​​မြှောက်​​ရေး ကြီးကြပ်မှုအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသော ​ဒေါက်​တာမြ​လေးစိန်​၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်တင်၊ ဦးစိုးဝင်း၊ ဦးတင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


back to top Eng