skip to content

မူဆယ် ဇန်နဝါရီ ၁

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က ကျင်းပ ခဲ့ပြီး တရုတ်နိုင်ငံ ရွှေလီမြို့ နော်မောဟုပန်းခြံမှ စတင်တာလွှတ်ခဲ့ကာ မြန်မာ၊ တရုတ် နှစ်နိုင်ငံ အပြင် အခြား နိုင်ငံစုံမှ ပြိုင်ပွဲဝင် စုစုပေါင်း ၇၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မာရသွန်ပြိုင်ပွဲကို မြန်မာနိုင်ငံ အားကစား နှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ် အားကစား နှင့်ကာယပညာဦးစီးမှူး ဦးကျော်ကျော်သိန်း၊ မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဥက္ကာ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အားကစား လေ့ကျင့်ရေးနှင့် လူငယ်အားကစားမှူး မစ္စတာ လိရောင်ယုန်းတို့က ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင် များသည် နော်မောဟုပန်းခြံမှ စတင် တာထွက် ကာ နှစ်နိုင်ငံ နယ်စပ်ဂိတ်(နန်းတော်ဂိတ်)မှ မြန်မာနိုင်ငံ မူဆယ်မြို့ထဲသို့ ဝင်ရောက်ကြပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်(ဆင်ဖြူဂိတ်)မှ ရွှေလီ မြို့သို့ ပြန်ထွက်၍ နော်မောဟုပန်းခြံတွင် ပြန်လည် ပန်းဝင်ကြသည်။

ပြိုင်ပွဲ အမျိုးအစားများအနေဖြင့် အမျိုး သားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲဟု နှစ်မျိုး ခွဲသည့်အပြင် တာဝေး(၄၂ ဒသမ ၂ ကီလိုမီတာ)၊ တာလတ်(၂၁ ဒသမ ၁ ကီလိုမီတာ)၊ တာတို(၅ ကီလိုမီတာ)နှင့် အပျော်တမ်း(၂ ကီလိုမီတာ)ဟူ၍ လေးမျိုး ခွဲခြားယှဉ်ပြိုင်ခဲ့ကြပြီး တာဝေး (ပထမ)ဆုကို တရုတ်ယွမ်ငွေ ၂၀၀၀၀ နှင့် တာလတ်(ပထမ)ဆုကို တရုတ်ယွမ် ၈၀၀၀ ချီးမြှင့်ကာ အခြားဆုများအဖြစ် တာတိုဆု၊ အပျော်တမ်းဆုနှင့် ပေါက်ဖော်ဆုများလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။

"ဒီပြိုင်ပွဲကို ကျင်းပပေးတဲ့အတွက် နိုင်ငံ တကာ အားကစားသမားတွေရဲ့ တိုးတက်မှု တွေကို မြင်တွေ့ရတယ်၊ ကျွန်တော်တို့ ဘယ် လောက်အထိ ကြိုးစားရမလဲဆိုတဲ့ အသိလေး တွေ ရခဲ့တယ်၊ ပြိုင်ပွဲတစ်လျှောက်မှာ နှစ်နိုင်ငံ ပရဟိတ အဖွဲ့တွေက ဆေးဝါးကုသပေးတာ တွေနဲ့ လမ်းတစ်လျှောက်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း အတုယူချင်စရာပါ၊ နောက်နှစ်တွေလည်း ဆက်လက်ယှဉ်ပြိုင်ဖို့ စိတ်ကူးထားပါတယ်၊ ဒီပြိုင်ပွဲကျင်းပပေးတာ အားကစားသမားတွေအတွက် အလွန်အကျိုးရှိ ပါတယ်"ဟု ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှစ၍ ပါဝင် ယှဉ်ပြိုင်ခဲ့သူ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ဝင် နေပြည်တော်မှ ကိုဇင်မင်းထက်က ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပ ခဲ့ရာ ယခု ၂၀၁၉ ပြိုင်ပွဲမှာ (၄)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကင်ညာနိုင်ငံ၊ ဂျာမနီ နိုင်ငံနှင့် အခြား နိုင်ငံပေါင်း ၃၃ နိုင်ငံတို့မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို တရုတ်နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်နှင့် ယူနန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ကြီးမှူးကျင်းပ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်၊ ရွှေလီမြို့နှင့် မူဆယ်မြို့တို့မှ တာဝန် ရှိသူများက ပူးပေါင်းပါဝင် ကူညီပံ့ပိုးပေးထား ကြသည်။

မာရသွန်ပြိုင်ပွဲကို နှစ်နိုင်ငံရှိ ပြည်သူများ အားကစားကဏ္ဍအပေါ် စိတ်ဝင်စားမှုများ ပိုမို တိုးတက်စေရန်၊ မြန်မာ-တရုတ် ရိုးရာ ဓလေ့ ထုံးစံများနှင့် ပိုမိုရင်းနှီးလာစေရန်၊ မြန်မာ- တရုတ် ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင် ရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးခင်မင်မှု တိုးလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


back to top Eng