skip to content
 
 
ရန်ကုန်    ဇန်နဝါရီ    ၁ဝ
 
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲမယှဉ်ပြိုင်မီ  ထိုင်းနိုင်ငံ၌ ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းအပါအဝင် တခြားကလပ်အသင်းများနှင့် ခြေစမ်းပွဲကစားရန်စီစဉ်ထားကြောင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းထံမှ သိရသည်။
 
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံ၌ တစ်ပတ်ကြာနေထိုင်ပြီး ခြေစမ်းပွဲများကစားရန် စီစဉ်ထားခြင်းဖြစ်သည်။ ''ခြေစစ်ပွဲကစားမယ့် ဧပြီလထဲမှာပဲ ထိုင်းနိုင်ငံကိုသွားပြီး ခြေစမ်းပွဲတွေကစားမှာပါ။
 
ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းအပါအဝင်  ထိုင်းအမျိုးသမီးကလပ်အသင်းတချို့နဲ့ ခြေစမ်းပွဲတွေကစားဖို့ရှိပါတယ် '' ဟု ဒေါ်သက်သက်ဝင်းက ပြောသည်။
 
အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်  ဒုတိယအဆင့်ခြေစစ်ပွဲကို ဧပြီ ၂၂ ရက်မှ ၃ဝရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအပါအဝင် သြစတြေးလျ၊ ဥဇဘက်ကစ်စတန်၊ တောင်ကိုရီးယား၊ လက်ဘနွန်၊ ဗီယက်နမ်၊  အီရန်၊ နီပေါအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲကို အသင်းရှစ်သင်းပါ အုပ်စုနှစ်စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုနှစ်စုမှ  ထိပ်ဆုံးနှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
 
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲမယှဉ်ပြိုင်မီ မတ်၂ရက်မှ ၆ရက်အထိ ယှဉ်ပြိုင်မည့်  ဂျပန်ဖိတ်ခေါ် Japan-ASEAN Youth Sports  Exchange ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
 
အဆိုပါပြိုင်ပွဲတွင် အာဆီယံဒေသတွင်းမှ မြန်မာအသင်းအပြင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်  ယူ-၁၉ အမျိုးသမီးအသင်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင် သိရသည်။
 
 
Crd:မြ၀တီသတင်းစာ
 

back to top Eng